ဆွမ်ပရာဘွမ်ဒေသရှိ ဆလန်ယန်၊ အင်ဒွပ်ယန် စစ်ဘေးရှောင်စခန်းများတွင် ဇွန်လကုန်ကတည်းက အကူအညီတွေ ရရှိခြင်းမရှိတော့တာကြောင့် အဲ့ဒီဒေသရှိ စစ်ဘေးရှောင်ပြည်သူများ အစားအသောက် ခက်ခဲမှုနဲ့ ရင်ဆိုင်နေရကာ လက်ရှိမှာတော့ ဖြစ်တဲ့နည်းလမ်းများဖြင့် ဝမ်းရေးဖြေရှင်းနေကြရပါတယ်။
ဆလန်ယန်စစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု (၆၈) ရှိကာ လွန်ခဲ့သော ဇွန်လတွင် ကေဘီစီကနေ ထောက်ပံ့ကူညီမှုတွေရှိခဲ့ပေမယ့် ဇူလိုင်ကစတင်ပြီး ကူညီမှုတွေ ရောက်ရှိခြင်းမရှိတော့သလို လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့နေရာဖြစ်တာကြောင့်လည်း အထောက်အပံ့တွေ မရောက်ရှိခြင်းဖြစ်ကာ စစ်ဘေးရှောင်သူများအနေဖြင့် ဝမ်းရေးဖြေရှင်းဖို့အတွက် အကူညီတောင်ခံမည့်အဖွဲ့အစည်းများကိုလည်း မဆက်သွယ်တတ်တာကြောင့်လည်းဖြစ်တယ်လို့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
မိုးရာသီဖြစ်တာကြောင့် ကလေးသူငယ်များနဲ့ အသက်ကြီးသူတွေ နာမကျန်းဖြစ်မှုတွေရှိနေကာ လမ်းပန်းဆက်သွယ်ရေးခက်ခဲမှု ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အခြားသောဒေသများရှိ အကူအညီပေးရေးအဖွဲ့များရောက်ရှိဖို့လည်း မလွယ်ကူခြင်းများဖြစ်တာကြောင့် ဒေသရှိစစ်ဘေးရှောင်များအနေဖြင့် မိမိအရပ်ဒေသနဲ့ဝေးကွာခြင်းမရှိတာကြောင့် မိုးရာသီလွန်ကာလစတင်ပြီး တောင်ယာ လယ်ယာစိုက်ပျိုးရေးကို သွားရောက်ပြန်လည်လုပ်ကိုင်တော့မှာဖြစ်ကြောင်း သိရှိရပါတယ်။