ဆွမ်ပရာဘွမ်ခရိုင် အတွင်းရှိ ကျေးရွာများဆီကို မြန်မာပြည်အောက်ပိုင်းမှ တပ်မတော်သားအယောက် ၅၀၀ ဝန်းကျင်ခန့် ရောက်ရှိလာပြီး နိုဝင်ဘာလတွင်ပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးဖို့ အကြောင်းပြုပြီး တပ်စွဲခြင်းများလုပ်ဆောင်နေပါတယ်။
ဒီလို တပ်စွဲခြင်းနဲ့ပက်သက်ပြီး ရွေးကောက်ပွဲကော်မရှင် (UEC) မှ ဒေသတွင်း ရက်ပေါင်း(၉၀) အထက်နေပြီးသူများ ထိုဒေသတွင် မဲပေးနိုင်ကြောင်း တရားဥပဒေထုတ်ပြန်ထားခြင်းကြောင့် မဲရုံကော်မရှင်များက အခွင့်ပေးထားကြောင်းသိရပါတယ်။
” သူတို့က သုံးလဘဲလာနေပြီးတော့ ဆန္ဒမဲထည့်ခြင်းက ကျနော်တို့ရဲ့ရှေ့ရေးကို သူတို့ရွေးချယ်တာနဲ့တူပြီး ကျနော်တို့လျှောက်လှမ်းရမယ့် လမ်းကို သူများရွေးချယ်ပေးတာတော့လုပ်လို့မရဘူး” လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ဆွမ်ပရာဘွမ်ဒေသခံများက အဆိုပါမဲထည့်ဖို့ရောက်ရှိလာတဲ့ မြန်မာစစ်သားများက မဲထည့်ပြီးနောက်ပိုင်း ထိုဒေသအတွင်း စခန်းချကာ စစ်ရေးလှုပ်ရှားမှုများလုပ်ဆောင်လာမည်ကိုလည်း ဒေသခံများအလွန်စိုးရိမ်နေကြပါတယ်။
မြန်မာစစ်သားအယောက် ၅၀၀ဝန်းကျင် ဆွမ်ပရာဘွမ်ဒေသတဝိုက်ရှိ ကျေးရွာများတွင် စခန်းချနေထိုင်နေတဲ့အပြင် ကြုံရာကျပန်းအလုပ် လာရောက်လုပ်ကိုင်နေတဲ့သူကလည်း ၅၀၀ ခန့်ရှိနေတာကြောင့် ဆွန်ပရာဘွန် ဒေသခံတွေသူများရဲ့ ရှေ့ရေးနောင်ရေးကို အခြားသူများလာရောက်ခြယ်လှယ်ခြင်းကို ဒေသခံများ မကြိုက်မနှစ်သက်ဖြစ်နေကြကြောင်း သိရှိရပါတယ်။