ဆဒုံဘွမ်ဒေသ အင်ဘာပါဇုန်နယ် ဆွတ်ငိုင်ဇွပ်ကျေးရွာကို Bridge အဖွဲ့အစည်းမှ ဆန်၊ ဆီ၊ ဆားနဲ့အခြားသောပစ္စည်းများ ကူညီလှူဒါန်းမှုကို ဇွန်လ ၄ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စစ်ရှောင်တွေနဲ့ ဒေသခံတွေ အလုပ်အကိုင်လုပ်ဆောင်ဖို့ ခက်ခဲသွားတာကြောင့် အစားအသောက်ကူညီခြင်းအပြင် ကိုဗစ်-၁၉ ကပ်ရောဂါနှင့်သက်ဆိုင်တဲ့ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများကိုလည်း ကူညီထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။ Bridge အဖွဲ့အစည်းမှ လနားဇွပ်ဂျာ၊ ပါကထောင်၊ အင်ခေါင်းပါ၊ ဘွမ်စစ်၊ ဒွမ်ဘွန်း၊ ဖရဲ့ စတဲ့ စစ်ရှောင်စခန်းများကို တတ်နိုင်သမျှ ကူညီထောက်ပံ့နေတဲ့အပြင် စစ်ရှောင်စခန်းနဲ့ ထိစပ်နေတဲ့ ကျေးရွာများကိုလည်း ကူညီမှုပြုနေသလို အမျိုးသမီးစွမ်းဆောင်ရည်မြင့်မားရေး၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုးမွေးမြူရေးနဲ့ သစ်တောထိန်းသိမ်းရေး၊ ကျေးရွာအတွင်း ရင်းနှီးငွေထုတ်ပေးခြင်း စတဲ့နည်းလမ်းများဖြင့်ကူညီလုပ်ဆောင်ပေးနေတယ်လို့ Bridge အဖွဲ့ရဲ့ လက်ထောက်ဖြစ်တဲ့ မရန်ဇောင်နော်က ပြောပါတယ်။