ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ဆားမှော်ကျေးရွာ ကညင်မြိုင်တွင် ယနေ့ ဒီဇင်ဘာ ၂၄ ရက်နေ့ မနက် ၃ နာရီခန့်တွင် ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၉) တပ်ရင်း (၄၄) နဲ့ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားမှု ရှိခဲ့ပါတယ်။
ဆားမှော်ကျေးရွာ ကညင်မြိုင်တွင် တပ်စွဲနေရာယူထားတဲ့ စစ်ကောင်စီတပ် ခမရ ၃၈၃၊ ၃၈၄ တပ်ကို ကေအိုင်အေ တပ်ရင်း (၄၄) မှ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တပ်စခန်းများကို သိမ်းပိုက်နိုင်ခဲ့ကာ မီးရှိုဖျက်ဆီးပြီး ပြန်လည်ဆုတ်ခွာခဲ့ကြောင်း ရှေ့တန်းသတင်ရင်းမြစ်အရ သိရပါတယ်။
နှစ်ဖက်တိုက်ပွဲဖြစ်ပွားစဉ် စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားခဲ့တာကြောင့် စစ်လေယာဉ် အသုံးပြုကာ ၂ ကြိမ် လာရောက်ပစ်ခတ်မှုရှိခဲ့ကြောင်းလည်း သိရပါတယ်။ တိုက်ပွဲဖြစ်ပွားအပြီး မနက် ၅ နာရီအချိန်တွင် ကေအိုင်အေတပ်မှ စစ်ကောင်စီတပ်ရဲ့ လက်နက်ခဲယမ်းများကို သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရပါတယ်။
စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ဆင်ဂတ်ယန်ကျေးရွာတွင် ကျရောက်ပေါက်ကွဲပြီး အရပ်သားပြည်သူနေအိမ်တစ်လုံး ထိခိုက်ပျက်စီးသွားခဲ့ပါတယ်။
တိုက်ပွဲဖြစ်ပွားပြီး မနက် ၁၀ နာရီအချိန်ခန့်မှာတော့ မြစ်ကြီးနားလေတပ်မှ စစ်ကောင်စီ ရဟတ်ယာဉ်တစ်စီးမှ ဆားမှော်တပ်စခန်း ခမရ (၁၀၅) တွင် ရပ်နားကာ တိုက်ပွဲအတွက် ထိခိုက်လူနာများကို လာရောက်သယ်ဆောင်သွားကြောင့် သတင်းရင်းမြစ်အရ သိရပါတယ်။