စေတနာ့ဝန်ထမ်း ဆရာမ ၂ ဦး အဓမ္မပြုကျင်သတ်ဖြတ်ခံလိုက်ရတာ ၇ နှစ်ပြည့်မြောက်ခဲ့ပေမယ့် တရားခံဖော်ထုတ်နိုင်ခြင်းမရှိသေး

KBC စေတနာ့ဝန်ထမ်း ဆရာမနှစ်ဦးဖြစ်တဲ့ တန်ဘောင်ခေါန်နန်စင်နဲ့ မရန်လုရာတို့ အဓမ္မပြုကျင့် သတ်ဖြတ်ခံလိုက်ရတာ ၇ နှစ်ပြည့်မြောက်ခဲ့ခြင်း သတိရဆုတောင်းခြင်းကို ယနေ့ ဇန်နဝါရီ ၁၉ ရက်နေ့ မြစ်ကြီးနားမြို့၊ နောင်းနန်းရပ်ကွက်၊ ဂျော်ဘွမ်တွင် ကချင်နှစ်ခြင်းခရစ်ယာန်အသင်းချုပ်ဦးဆောင်ပြီး ဆုတောင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

ဆရာမနှစ်ဦးရဲ့ မိခင်များ

စေတနာ့ဝန်ထမ်းနှစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရတဲ့အမှု တရားမျှတမှု ရရှိရေး၊ အမှုမှန်ပေါ်ပေါက်ရေး အတွက် KBC ကဦးဆောင်ပြီး တရားရေးလုပ်ဆောင်နေတာဖြစ်ကာ ယခုလို သတိရဆုတောင်းခြင်းဖြင့် တရားမျှတမှုမရရှိသေးခြင်း၊ တရားခံဖော်ထုတ်နိုင်ခြင်းမရှိသေးတာကို အမှတ်ရနေကြဖို့ သတိပေးနေခြင်းလည်း ဖြစ်ပါတယ်။

သတိရအောက်မေ့ဆုတောင်းခြင်းကို နှစ်စဉ်နှစ်တိုင်း ပြုလုပ်တာဖြစ်ပြီး ယခုနှစ်မှာတော့ ကိုဗစ် စည်းကမ်းချက်များဖြင့် လူများစွာတက်ရောက်နိုင်ခြင်းမပြုကာ စေတနာ့ဝန်ထမ်း မိခင်များ၊ မိသားစုများနဲ့ ကေဘီစီဝန်ထမ်းများ စုစုပေါင်း အယောက် ၁၀၀ ဝန်းကျင်ဖြင့် ဝတ်ပြုဆုတောင်းခဲ့ကြပါတယ်။

“စေတနာ့ဝန်ထမ် ဆရာမနှစ်ဦးရဲ့ အမှုမှန်ပေါ်ပေါက်ရေး တရားမျှတမှုရရှိရေးအတွက် လုပ်ဆောင်ချိန်မှာ စိတ်ရှည်သီးခံမှုများစွာနဲ့ ရှေ့ဆက်ကြရပါမယ်၊ ဒီအမှုမှန်ပေါ်ပေါက်ရေးက တိုက်ပွဲတစ်ခုဝင်နေခြင်းဖြစ်တာကြောင့် စိတ်ရှည်သီးခံခြင်း၊ စိတ်ပျက်သွားခြင်းမရှိပဲ အဆုံးထိလုပ်ဆောင်သွားရအောင်” လို့ ကေဘီစီ ဥက္ကဌ သိက္ခာတော်ရဆရာ ဒေါက်တာခလမ် ဆမ်ဆွမ် ကပြောပါတယ်။

အမှုမှန်ပေါ်ပေါက်ရေးအတွက် ဆရာမနှစ်ဦးရဲ့ မိခင်များက ဆက်လက်တောင်းဆိုနေသလို KBC အနေဖြင့် ကော်မတီဖွဲ့ကာ လုပ်ဆောင်နေတာဖြစ်ပြီး ဆက်လက်ပြီးတော့လည်း တရားရေးကို လုပ်ဆောင်သွားမှာဖြစ်ကြောင်း သိရပါတယ်။

၂၀၁၅ ခုနှစ် ဇန်နဝါရီ ၁၉ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ကောင်းခါးကျေးရွာတွင် စေတနာ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဆရာမ နှစ်ဦးကို သူတို့နေထိုင်ရာ နေအိမ်တွင် အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခြင်းကို ခံခဲ့ရတာဖြစ်ကာ ယနေ့အချိန်ထိ တရားခံကို ဖမ်းဆီးနိုင်ခြင်းမရှိသေးကာ အဆိုပါနေ့ရက်အစောပိုင်းတွင် မြန်မာစစ်တပ် ခမရ ၅၀၃ စစ်ကြောင်း အနီးဝန်းကျင်တွင် ရှိနေခဲ့တာကြောင့် တွေ့ဆုံမေးမြန်း စစ်ဆေးဖို့ တောင်းဆိုခဲ့ပေမယ့် ငြင်းဆိုခြင်းကို ခံခဲ့ရပါတယ်။

Leave a Reply

*