ကချင်ပြည်နယ် မြစ်ကြီးနား-ဗန်းမော်လမ်းမပေါ်ရှိ လဂျားယန်တံတားအနီးတွင် ယနေ့ ဇွန်လ ၈ ရက် မနက် ၉ နာရီတွင် ဒေါ့ဖုန်းယန်မှ နားလုံ၊ လဂျားယန်ဘက် လက်နက်ခဲယမ်းနဲ့ရိက္ခာများတင်ဆောင်လာတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ထောက်ပို့ယာဉ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၅) တပ်ရင်း (၁၈) မှ လက်နက်ကြီးဖြင့် ကြားဖြတ်တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရပါတယ်။

ထို့ပြင် ညနေပိုင်း ၁ နာရီအချိန်ခန့်တွင်လည်း အာဏာသိမ်းစစ်တပ်အုပ်စုကို လွယ်မောက်ယန်နဲ့ မန်ဆိုင်းကြားတွင် ကေအိုင်အေ ခြေမြန်တပ်ရင်း (၁၉) အဖွဲ့စောင့်ကြိုပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့ကာ စစ်ကောင်စီတပ်သားများ သေဆုံးမှုတွေနဲ့ ထိခိုက်ဒဏ်ရာရရှိမှုတွေရှိခဲ့ကြောင်းသိရကာ အတိအကျစာရင်းကိုတော့ မသိရှိနိုင်းသေးကြောင်း ရှေ့တန်းစခန်းထံမှ သိရပါတယ်။
ရွေကူမြို့နယ်တွင်လည်း နေ့လည် ၁၂ နာရီခွဲခန့်တွင် ကေအိုင်အေတပ်ရင်း (၁၂) အဖွဲ့မှ ဧရာဝတီမြစ်အတိုင်းဆန်တက်လာတဲ့ အာဏာသိမ်းစစ်တပ်မှ သင်္ဘောတစ်စင်းကို ရွှေကူမြို့အနီးတွင် ကြားဖြတ်တိုက်ခိုက်မှု လုပ်ဆောင်နိုင်ခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်အနေဖြင့် ကေအိုင်အေ တည်ရှိရာနယ်မြေဘက် နေ့စဉ်နေ့တိုင်း စစ်အင်အား လက်နက်အင်အားဖြည့်တင်းမှုတွေ ပြုလုပ်နေတာကြောင့် နှစ်ဖက် ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေအုံးမှာဖြစ်ပါတယ်။