စစ်အာဏာရှင်စနစ်နဲ့ လူမျိုးကြီးဝါဒကို အမြစ်ပြတ်ချေမှုန်းသွားမယ့် KIO ဥက္ကဌမိန့်ခွန်းကို Alen Bum စစ်ဘေးရှောင်ကျောင်းသားများ အတူတကွနားဆင်ခဲ့

Alen Bum စစ်ဘေးရှောင်စခန်း အထက်တန်းကျောင်းတွင် ဘော်ဒါနေ ကျောင်းသားများက အောက်တိုဘာ ၂၅ ရက်နေ့တွင် ကျရောက်တဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဖွဲ့စည်းတည်ထောင်ခြင်း (၆၁) နှစ်မြောက် အခမ်းအနားပွဲကို မနက် ၉ နာရီအချိန်တွင် ပြုလုပ်ကျင်ပခဲ့ကာ ကေအိုင်အို ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လရဲ့ မိန့်ခွန်းကို ကြားနာခဲ့ကြကာ အားကစားပြိုင်ပွဲများ ကျင်းပခဲ့ကြပါတယ်။

KIO ဥက္ကဌရဲ့ မိန့်ခွန်းကို ကျောင်းအုပ်ဆရာကြီး မရူခေါင်လွမ်း ကနေပြီး ဖတ်ရှုပေးခဲ့ကာ ဆရာ၊ ဆရာမများက သီချင်းများဖြင့် သီဆိုဂုဏ်ပြုခဲ့ကာ ကေအိုင်အိုအထိမ်းအမှတ်နေ့ကို ကြိုဆိုခြင်းသောအားဖြင့် အားကစားယှဉ်ပြိုင်ပွဲတွေ ပြုလုပ်ခဲ့ကြောင်း ဆရာတစ်ဦးကပြောပါတယ်။

Alen Bum စစ်ဘေးရှောင်စခန်း အထက်တန်းကျောင်းတွင် လက်ရှိအချိန် ပညာဆည်းပူးနေသူ ကျောင်းသား ၁၃၀၀ ကျော်ရှိကာ ကျောင်းဆရာ ၁၀၀ ကျော်ဖြင့် တာဝန်ထမ်းဆောင်နေတာဖြစ်ပါတယ်။

ယခင်နှစ်များမှာတော့ ကေအိုင်အိုနေ့အထိမ်းအမှတ်အခမ်းအနားကို ကေအိုင်အို ထိန်းချုပ်နယ်မြေတိုင်းတွင် ပြည်သူများနဲ့ ဌာနဆိုင်ရာများမှ ဝန်ထမ်းများဖြင့် ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ပေမယ့် ယခုနှစ်မှာတော့ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် KIO ဖွဲ့စည်းတည်ထောင်ခြင်း (၆၁) နှစ်မြောက် ဥက္ကဌမိန့်ခွန်းကို အွန်လိုင်းကနေ ဖြန့်ဖြူးခဲ့ပြီး ဌာနဆိုင်ရာတိုင်းကလည်း အတူတကွဖမ်းယူ နားဆင်ခဲ့ကြပါတယ်။

ကေအိုင်အို ဥက္ကဌရဲ့ မိန်းခွန်းမှာတော့ စစ်အာဏာရှင်စနစ်နဲ့ လူမျိုးကြီးဝါဒကို အမြစ်ပြတ်ချေမှုန်းသွားမှာဖြစ်ပြီး ဓမ္မဘက်ရပ်တည်သွားမှာဖြစ်ကြောင်း ပြောဆိုထားပါတယ်။

Leave a Reply

*