ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် ချောင်းဝကျေးရွာတွင် နိုဝင်ဘာ ၁၇ ရက်နေ့ ညနေပိုင်း ၄ နာရီခန့်တွင် စစ်ရေးလှုပ်ရှားမှုပြုလုပ်လာတဲ့ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်၊ ဒေသပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
တပ်ရင်းအမည်မသိရှိရသေတဲ့ အဆိုပါ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ် စစ်ကြောင်းက ကချင်ပြည်နယ် စစ်အင်အားတိုးချဲ့ဖို့ ထွက်ခွာလာစဉ် KIA နဲ့ PDF တိုးပူးပေါင်းပြီး စောင့်ကြို တိုက်ခိုက်ကာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး သေဆုံး ဒဏ်ရာရရှိမှု သတင်းအချက်အလက်အပြည့်အစုံကိုတော့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်က ကချင်ပြည်နယ်အတွင်း စစ်အင်အား၊ လက်နက်ခဲယမ်းများဖြည့်တင်းကာ ထိုးစစ်ဆင် စစ်ရေးလှုပ်ရှားမှုတွေလည်း ခပ်စိတ်စိတ်ပြုလုပ်လာခြင်းကြောင့် ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲများလည်း နေ့တိုင်းရှိနေကာ နိုဝင်ဘာ ၁၃ ရက်နေ့ကစပြီး ကေအိုင်အေ တပ်မဟာ (၉) တပ်ရင်း (၆)နဲ့ (၄၄) ဒေသများတွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။