စစ်အင်အားတိုးချဲ့လာတဲ့ အကြမ်းဖက် စစ်ကောင်စီယာဉ်တန်းကို KIA, PDF ပူးပေါင်းတပ် ကြားဖြတ်တိုက်ခိုက်

ကချင်ပြည်နယ်ဘက် စစ်အင်အား၊ လက်နက်အင်အားတိုးချဲ့ဖို့ လာရောက်တဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ ယာဉ်တန်းကို KIA, PDF ပူးပေါင်းတပ်မှ မော်လူး၊ မော်ဟန်အနီး ယနေ့ မတ်လ ၃ ရက်နေ့ မနက် ၉ နာရီခန့်တွင် စောင့်ကြို ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

အဆိုပါ စစ်ယာဉ်တန်းက စစ်ကား ၃၀ ကျော်နဲ့ အောက်မြန်မာပြည်ကနေ ကချင်ပြည်နယ်ဘက် စစ်အင်အားတိုးချဲ့ဖို့ ရောက်ရှိလာခြင်းကြောင့် မော်လူး၊ မော်ဟန် အောက် ထီးချိုင့်မြို့အတွင်း ရောက်ရှိစဉ် KIA, PDF ပူးပေါင်းတပ်မှ မိုင်းဆွဲတိုက်ခိုက်ပြီး ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။

စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်မှုတွင် အကြမ်းဖက် စစ်ကောင်စီတပ်မှ ထိခိုက် သေဆုံးမှုတွေရှိနိုင်ကာ စာရင်းအတိအကျကိုတော့ စုံစမ်းဆဲဖြစ်ကြောင်း ရှေ့တန်းသတင်းရင်းမြစ် ကပြောပါတယ်။

အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ စစ်လက်နက် ရိက္ခာများကို သယ်ဆောင်မှုပြုလုပ်လေ့ရှိတာကြောင့် အဆိုပါလမ်းကြောင်း တစ်လျှောက် မကြာခဏထိတွေ့တိုက်ပွဲဖြစ်ပွားမှုရှိခဲ့ကာ ဇန်နဝါရီ လကုန်ပိုင်းတွင်လည်း စစ်ယာဉ် ၅၇ စီးပါ စစ်ကြောင်းကို စစ်ကိုင်းတိုင်းနဲ့ကချင်ပြည်နယ် ဆက်စပ်နေရာများတွင် ဆက်တိုက်ကြားဖြတ်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။

Leave a Reply

*