စစ်ရေးလှုပ်ရှားလာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး သေဆုံးထိခိုက်မှုရှိ

မံစီမြို့နယ် မိုင်းခေါင်ကျေးရွာအနီး ယနေ့ ဧပြီ​၁၅ ရက် မနက် ၇ နာရီခန့်တွင် ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၃) တပ်ရင်း (၂၇) နယ်မြေဘက် စစ်ရေးလှုပ်ရှားလာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံလိုက်ရကြောင်း သိရပါတယ်။

အကြမ်းဖက် စစ်တပ် တပ်မ (၈၈)မှ အင်အား (၄၀) ဝန်းကျင်ဖြင့် ကျေးရွာအနီးဝန်းကျင်ဘက် စစ်ရေးလှုပ်ရှားမှု ပြုလုပ်လာစဉ် ကေအိုင်အေတပ်မှ​မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ အဆိုပါတိုက်ခိုက်မှုတွင် အကြမ်းဖက် စစ်ကောင်စီတပ်မှ ၂ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း ခိုင်လုံတဲ့သတင်းရင်းမြစ်က ပြောပါတယ်။

ယခုလို အကြမ်းဖက် စစ်တပ်မှ ထိခိုက်သေဆုံးမှုရှိလာခြ်ငးကြောင့် ကျေးရွာအုပ်ချုပ်ရေးမှုးများနဲ့ ဒေသခံများ၊ စစ်ဘေးရှောင်များကို စစ်တပ်အတွင်း ခေါ်ယူကာ ခြိမ်းခြောက်မေးမြန်းမှုတွေ ပြလုပ်ခဲ့ကြောင်းလည်း သိရပါတယ်။

အဆိုပါဒေသတဝိုက် အကြမ်းဖက် စစ်ကောင်စီတပ်က စစ်အင်အားအများအပြားဖြင့် စစ်ရေးလှုပ်ရှားမှုပြုလုပ်ခဲ့သလို မိုင်းခေါင်တပ်စခန်းကနေ မဂျီကုန်းတပ်စခန်းဘက် စစ်အင်အားတိုးချဲ့တာ၊ လက်နက်ခဲယမ်းနဲ့ ရိက္ခာဖြည့်တင်းမှုတွေလည်း အမြဲပြုလုပ်လာခြင်းကြောင်း တိုက်ပွဲလည်း မကြာခဏဆိုသလို ရှိနေပါတယ်။

Leave a Reply

*