စစ်ရေးလှုပ်ရှားလာတဲ့ စစ်ကောင်စီတပ်ကို ကေအိုင်အေ ကြားဖြတ်တိုက်ခိုက်

ပူတာအိုမြို့နယ် ဆွမ်ပီယန်ကျေးရွာနဲ့ အင်ဆိုင်းယန်ကျေးရွာကြားတွင် ဒီဇင်ဘာ ၂၉ ရက်နေ့ နေ့လည် ၁၂ နာရီခန့်တွင် အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၁) တပ်ရင်း (၇) တို့ ထိပ်တိုက်တွေ့ဆုံတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

စစ်ကောင်စီတပ်များက စစ်ယာဉ် ၂ စီးဖြင့် ဆွမ်ပရာဘွမ်ဘက်ရှိ ကေအိုင်အေ နယ်မြေဘက် စစ်ရေးလှုပ်ရှားမှု ပြုလုပ်လာတာကြောင့် ကေအိုင်အေတပ်မှ မိုင်းဆွဲတိုက်ခိုက်မှု ၂ ကြိမ်ပြုလုပ်ကာ နှစ်ဖက် အပြန်အလန် မိနစ် ၃၀ မျှ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

တိုက်ပွဲရပ်တန့်သွားအပြီး စစ်ကောင်စီတပ်က ခြေလျင်ဖြင့် ပြန်လည် စစ်ရေးလှုပ်ရှားမှု ပြုလုပ်လာစဉ် ဆွမ်ပီယန်ကျေးရွာတွင် ယနေ့ ဒီဇင်ဘာ ၃၀ ရက်နေ့ မနက် ၃ နာရီခွဲခန့်က လာရောက် တပ်စွဲနေရာယူနေကြောင်းလည်း သိရပါတယ်။

အဆိုပါဒေသတဝိုက် အကြမ်းဖက် စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားမှုတွေ အမြဲတစေလုပ်ဆောင်နေခြင်းကြောင့် ကေအိုင်အေတပ်နဲ့ တိုက်ပွဲဖြစ်ပွားမှုတွေ မကြာခဏရှိခဲ့ကာ စစ်ကောင်စီတပ်က ဒေသခံပြည်သူတွေရှိရာ ကျေးရွာများအတွင်း တပ်စွဲနေရာယူတာတွေ ပြုလုပ်လေ့ရှိတာကြောင့် ဒေသခံများက စိုးရိမ်နေကြရပါတယ်။

Leave a Reply

*