စစ်ရေးလှုပ်ရှားလာတဲ့ စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ သုံးဦးသေဆုံး

ကချင်ပြည်နယ်၊ ရွှေကူမြို့ အထက်လမ်း ၄ လမ်းဆုံတဝိုက် နိုဝင်ဘာ ၅ ရက်နေ့ မနက် ၇ နာရီခန့်တွင် ထိုနေရာတဝိုက် စစ်ရေးလှုပ်ရှားလာတဲ့ အာဏာသိမ်း စစ်ကောင်စီ စစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၃) တပ်ရင်း (၁၂) မှ ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်၊

စစ်ကောင်စီ တပ်ဖွဲ့ဝင် (၁၀) ဦးပါဝင်တဲ့ စစ်ကြောင်းက ခမရ (၆၀၂) တပ်ကနေ ဆိုင်ကယ်ဖြင့် ထွက်ခွာလာတာဖြစ်ပြီး လမ်းဆုံ လမ်းခွတွေထဲ သွားလာနေစဉ် KIA တပ်ဖွဲ့မှ မိုင်းဖြင့် ၂ ကြိမ်တိုက်ခိုက်ခဲ့ကာ ထိုနေရာတဝိုက်ရှိ အစောင့်ဂိတ်ကိုလည်း ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

အဆိုပါ တိုက်ခိုက်မှုတွေ အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့သလို ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားအပြီးတွင် စစ်ကောင်စီတပ်က အနီးဝန်းကျင်ဘက် လက်နက်ကြီး လက်နက်ငယ်များဖြင့် တစ်နာရီကျော်ကြာ ရမ်းသမ်းပစ်ခတ်နေကြောင်း သိရပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်းဒေသတွင်လည်း အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်မတော် (MNDAA) တို့လည်း နေ့စဉ်ရက်ဆက် တိုက်ပွဲဖြစ်ပွားနေပြီး နိုဝင်ဘာ ၅ ရက်နေ့ နေ့လည် ၁၂ နာရီခန့်တွင်လည်း မုံးကိုးဒေသ ကောင်းလုံကျေးရွာအနားတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရပါတယ်။

Leave a Reply

*