စစ်ရေးလှုပ်ရှားလာတဲ့ စစ်ကောင်စီအဖွဲ့ကို KIA မှ မိုင်းဆွဲတိုက်ခိုက်

ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ ၉ တပ်ရင်း ၄၄ အခြေစိုက်တဲ့ နန့်ရှန်တောင်အနီးတွင် အောက်တိုဘာ ၁၃ ရက်နေ့ ညနေပိုင်း ၅ နာရီခန့် ထိုနေရာတဝိုက် စစ်ရေးလှုပ်ရှားလာတဲ့ အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ကို ကေအိုင်အေမှ မိုင်းဆွဲတိုက်ခိုက်လိုက်ပါတယ်။

နန့်ရှန်တောင်တွင် တပ်စွဲနေရာယူနေတဲ့ စစ်ကောင်စီတပ် ခမရ ၁၂ မှ စစ်ကြောင်းက ကျေးရွာဘက်ဆင်းလာပြီး ပြန်လာချိန် မိုင်းဆွဲတိုက်ခိုက်လိုက်ခြင်းဖြစ်ကြောင်း သိရပါတယ်။

ဗန်းမော်မြို့နယ်၊ ခဝမ်ဘန်အနီးတွင်လည်း အောက်တိုဘာ ၁၂ ရက်နေ့ ညနေပိုင်းတွင် ထိုဒေသတဝိုက် ထိုးစစ်ဆင် စစ်ရေးလှုပ်ရှားမှုပြုလုပ်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကေအိုင်အေတပ်မှ ကြားဖြတ် ခုခံတိုက်ခိုက်ခဲ့ပါသေးတယ်။

ခဝမ်ဘန်အထက်ပိုင်း လုံခြုံရေးယူနေတဲ့ အင်အား ၁၀၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီအုပ်စုကို မိုးမောက်ဘက် စစ်ရေးလှုပ်ရှားလာချိန် ကေအိုင်အေတပ်ဖွဲ့မှ တိုက်ခိုက်လိုက်ခြင်းဖြစ်ကြောင်း သိရပါတယ်။

ယမန်နေ့ည ညနေ ၈ နာရီခွဲခန့်မှာတော့ စစ်ကောင်စီတပ် ခလရ ၂၃၇ တပ်ဖွဲ့က ခူလီ-နာလိုင်ကျေးရွာအပြင် လယ်ကွင်းတဝိုက် ၈၁-မမ လို့ခန့်မှန်းရတဲ့ လက်နက်ကြီး ပစ်ခတ်လိုက်တဲ့အပြင် နောင်လိတ်ကျေးရွာအပြင် လယ်ကွင်းဘက်တွင်လည်း လက်နက်ကြီးပစ်ခတ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

Leave a Reply

*