စစ်ရေးလှုပ်ရှားလာတဲ့ စစ်ကောင်စီတပ်နဲ့ ကေအိုင်အေကြား ၂ နေရာတွင် တိုက်ပွဲဖြစ်ပွား

ကချင်ပြည်နယ်တလွှား အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်က စစ်အင်အား၊ လက်နက်ခဲယမ်းနဲ့ ရိက္ခာများ ဖြည့်တင်းနေမှုတွေ စစ်ရေးလှုပ်ရှားမှုတွေကို ဆက်တိုက်လုပ်ဆောင်နေပြီး စက်တင်ဘာ ၃၀ ရက်နေ့ ယနေ့တွင်လည်း ကချင်လွတ်လပ်ရေးတပ်မတော်နဲ့ ၂ နေရာတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

မိုးကောင်းမြို့နယ် မရန်ကထောင်ကျေးရွာအနီး စစ်လက်နက်ခဲယမ်းများနဲ့ ရိက္ခာများတင်ဆောင်လာတဲ့ အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ရဲ့ ထောက်ပို့ယာဉ်တန်းကို စက်တင်ဘာ ၃၀ ရက် မနက် ၁၀ နာရီခန့်တွင် ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ ၂ တပ်ရင်း ၁၁ မှ စောင့်ကြိုတိုက်ခိုက်ခဲ့အကြောင်း သိရပါတယ်။

ထိုထောက်ပို့ယာဉ်တန်းက နမ္မတီးမြို့ကနေ ယနေ့မနက် ထွက်ခွာလာတဲ့ စစ်ကောင်စီရဲ့ စစ်ယာဉ်တန်းဖြစ်ကာ တနိုင်း-လီဒိုလမ်းဘက် စစ်အင်အားတိုးချဲ့ဖြည့်တင်းဖို့ ပို့ဆောင်ခြင်းဖြစ်ကာ အခုရက်ပိုင်းအတွင် ဆက်တိုက်လုပ်ဆောင်နေတာကြောင့် နှစ်ဖက်တိုက်ပွဲလည်း မကြာခဏဖြစ်ပွားနေပါတယ်။

ယနေ့မနက် ၁၀ နာရီ ၄၀ မိနစ်ခန့်တွင်လည်း ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ ၃ တပ်ရင်း ၁၅ အခြေစိုက်တဲ့ဒေသဘက် စစ်ရေးလှုပ်ရှားမှု ပြုလုပ်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လုံဂျာကျေးရွာအနီးတွင် ကေအိုင်အေနဲ့ ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက လုံဂျာတောင်ဘက် ဦးတည်ပြီး ထိုးစစ်ဆင် စစ်ရေးလှုပ်ရှားလာစဉ် ကေအိုင်အေတပ်မှ ခုခံတိုက်ခိုက်ခဲ့ပြီး မိုးမောက်တွင် တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားရာနေရာဘက်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

Leave a Reply

*