စစ်ဘေးရှောင်ပြည်သူများကို ကယ်ဆယ်ရင်း ကျဆုံးသွားခဲ့ရတဲ့ ဒုဗိုလ်ရှေးဖဲရဲ့ နောက်ဆုံးခရီးပို့ဆောင်

ဇွန်လ ၁၁ ရက်နေ့က ကရင်နီပြည်နယ် စစ်ဘေးရှောင်ပြည်သူများကို ဘေးကင်လုံခြုံတဲ့နေရာတစ်ခုကို ကာကွယ်ပေးရင်း တာဝန်ယူပို့ဆောင်ပေးခဲ့တဲ့ ဒုဗိုလ်ရှေးဖဲကို အာဏာသိမ်းစစ်တပ်အကြမ်းဖက်အုပ်စုမှ ပစ်ခတ်မှုကြောင့် ကျဆုံးသွားခဲ့ရတာဖြစ်ကာ ယနေ့မနက် ဇွန်လ ၁၄ ရက်နေ့မှာတော့ ဒုဗိုလ်ရှေးဖဲရဲ့ နောက်ဆုံးခရီးကိုပို့ဆောင်ခဲ့ကြကာ ကရင်နီတပ်မတော်ဌာနချုပ်နယ်မြေရှိ အာဇာနည်ကုန်းတွင် ဈာပနအခမ်းအနားပြုလုပ်ခဲ့ပါတယ်။

Photo – Kantarawaddy Times

အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်တိုက်ခိုက် သတ်ဖြတ်မှုများကြောင့် ကရင်နီပြည်နယ် (ကယားပြည်နယ်) တွင် ဇွန်လ ၁၂ ရက်နေ့အထိ အပြစ်မဲ့ပြည်သူ ၅၀ ထက်မနည်း ကျဆုံးခဲ့ရပြီးဖြစ်သလို ကလေးသူငယ်များလည်း ဖျားနာခြင်း၊ အအေးမိခြင်းကြောင့် လသားအရွယ်နဲ့ ၆ ရက်သားအရွယ်ကလေးငယ် သေဆုံးခဲ့ရမှုရှိခဲ့ကာ စစ်ဘေးရှောင်ပြည်သူကလည်း တစ်သိန်းကျော်အထိ ရှိလာနေပြီဖြစ်ပါတယ်။

ထို့ပြင် စစ်အာဏာသိမ်းအကြမ်းဖက်အုပ်စုမှ ကရင်နီဒေသဘက်ကို စားသောက်ကုန်များ မပို့ဆောင်နိုင်အောင် ဖြတ်တောက်ထားမှုတွေရှိကာ စစ်ဘေးရှောင်ပြည်သူများဆီ ပေးပို့မယ့် စားသောက်ကုန်နဲ့ ဆေးဝါးအပြင် လူနာတင်ယာဉ်ကိုလည်း မီးရှို့ဖျက်ဆီးလိုက်သလို လူနေအိမ်အတော်များများကိုလည်း မီးရှို့ဖျက်ဆီးလိုက်မှုတွေ ရှိနေကာ မိုးရာသီကျရောက်လာပြီဖြစ်တာကြောင့် စစ်ဘေးရှောင်နေရတဲ့ ပြည်သူများက စစ်ဒဏ်နဲ့ ရာသီဥတုဒဏ်နှစ်ရပ်လုံး ခံစားရဖို့ရှိနေပါတယ်။

Leave a Reply

*