စစ်ဘေးရှောင်ပြည်သူများအတွက် နေအိမ်သစ် ဆပ်ကပ်ဆုတောင်း

ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် ချီဖွေမြို့နယ် ကျစ်လွယ်ကျေးရွာရှိ စစ်ဘေးရှောင်ပြည်သူများရဲ့ နေအိမ်သစ် ဆပ်ကပ်ဆုတောင်းပွဲကို ယနေ့ မေလ ၂၀ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း စခန်းတာဝန်ရှိသူများထံမှ သိရပါတယ်။

စစ်ဘေးရှောင်ပြည်သူများ တစ်နေ့ထက်တစ်နေ့ တိုးများလာနေတဲ့အပြင် နေအိမ်များကလည်း ပျက်စီးယိုယွင်းနေပြီး နေထိုင်ဖို့ အခက်ကြုံနေရတာကြောင့် KBC လက်အောက်ရှိ စစ်ဘေးရှောင်ကူညီရေးအဖွဲ့မှ တာဝန်ယူပြီး နေအိမ်တည်ဆောက်ပေးတာဖြစ်ပါတယ်။

ယခုလို စစ်ဘေးရှောင်ပြည်သူများအတွက် နေအိမ်တည်ဆောက်ခြင်းကို ၂၀၂၀ ခုနှစ် ဒီဇင်ဘာလကစတင်ပြီး လုပ်ဆောင်ခဲ့တာဖြစ်ကာ နေအိမ်သစ် (၃၃) အိမ်ကို တည်ဆောက်ခဲ့ကြတာဖြစ်ပါတယ်။

ကျစ်လွယ်ကျေးရွာရှိ စစ်ဘေးရှောင်ပြည်သူ အိမ်ထောင်စု (၃၃) စုဖြစ်ကာ လူဦးရေအားဖြင့် ၁၆၀ ရှိတာဖြစ်ပြီး နေအိမ်အသစ် ဆောက်လုပ်ပြီးစီးခဲ့ပြီဖြစ်တာကြောင့် စစ်ဘေးရှောင်ပြည်သူများအနေဖြင့် နေအိမ်သစ်ဘက်ကို ပြောင်းရွှေ့နေထိုင်ဖို့ ပြင်ဆင်နေကြပါပြီ။

Leave a Reply

*