စစ်ဘေးရှောင်ပြည်သူများအတွက် လှူဒါန်းနိုင်ဖို့ Miss World Myanmar 2017 1st Runner ဆုရှင်အလှမယ် ဂျာဆိုင်းအိန်ရဲ့ ရွှေသရဖူကို ကြမ်းခင်းဈေး ကျပ်သိန်းတစ်ရာဖြင့် ယနေ့တွင် လေလံတင်ရောင်းချခဲ့ရာမှ လက်ရှိတွင် ကျပ်သိန်း ၁၅၀ နောက်ဆုံးပေးအပ်သူရှိလာသဖြင့် လေလံအောင်မြင်သွားကြောင်း ထိုလေလံပွဲ ပြုလုပ်ပေးသော တေးသံရှင်မရန်ဆိုင်းနော်မှ ကြေညာခဲ့ပါတယ်။

အလှမယ်ဂျာဆိုင်းအိန်ရဲ့ ရွှေသရဖူကို Eleven Generation ကုမ္ပဏီ ဥက္ကဌ ဦးနော်ဆီမှ ကျပ်သိန်း ၁၅၀ အထိပေးအပ်ခဲ့တာကြောင့် လေလံအောင်မြင်သွားခြင်းဖြစ်ကာ ထိုလေလံငွေများကို ကချင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်ပြည်သူများကို လှူဒါန်းပေးသွားမှာဖြစ်ကြောင်း သိရှိရပါတယ်။
ထိုသရဖူကိုတော့ ငြိမ်းချမ်းရေးအတွက် သရဖူ၊ စစ်ဘေးရှောင်မိဘပြည်သူများအတွက် သရဖူ၊ ဖိနှိပ်ခံပြည်သူများအတွက် သရဖူလို့ တင်စားခေါ်ဝေါ်ထားပါတယ်။