စစ်ဘေးရှောင်ပြည်သူများနေရပ်ပြန်ရေးကိစ္စ သတင်းစာရှင်းလင်းခြင်းပြုလုပ်မည်

ကချင်နှစ်ခြင်းခရစ်ယာန်အသင်းချုပ် (ကေဘီစီ)မှ စစ်ဘေးရှောင်ပြည်သူများ မိမိနေရပ်ဒေသပြန်ရေးနဲ့သက်ဆိုင်ပြီး ဇန်နဝါရီ ၁၅ ရက်နေ့တွင် အသင်းချုပ်ရုံးတွင် သတင်းစာရှင်းလင်းခြင်းကို လုပ်ဆောင်သွားဖို့ ရှိနေပါတယ်။

စစ်ဘေးရှောင်ပြည်သူများ နေရပ်ပြန်နိုင်ရေးအတွက် ကေဘီစီအနေဖြင့် လက်တွေ့လုပ်ဆောင်နေမှု၊ ပေါ်လစီချမှတ်ရေးတွင်လည်း ဘယ်အတိုင်းအတာထိ ရောက်ရှိနေပြီဖြစ်ကြောင်း စတဲ့အကြောင်းအရာများကို ပြောဆိုရှင်းလင်းသွားဖို့ ရှိနေတာပါ။

ဒါ့အပြင် နေရပ်ပြန်ချိန်တွင် ကျေးရွာဒေသတွင်းနေထိုင်နေစဉ် ဆက်လက်ကူညီပံ့ပိုးမှုတွေ မရှိအချိန်ဘယ်လိုရပ်တည်ဆောင်ရွက်သွားရမှုတွေရှိနိုင်မလဲဆိုတာတွေ ပါဝင်ဖို့ရှိနေပါတယ်။

“စစ်ဘေးရှောင်ပြည်သူတွေ နေရပ်ပြန်ရေးနဲ့သက်ဆိုင်ပြီး လုပ်ဆောင်နေတဲ့အဖွဲ့အစည်းတွေကတော့ အများကြီးရှိတာပေါ့၊ ကျတော်တို့ကေဘီစီအနေဖြင့် တာဝန်ယူနေတဲ့ စစ်ဘေးရှောင်ပြည်သူနဲ့ပတ်သက်ပြီးတော့ပေါ့၊ ကေဘီစီကနေလုပ်ဆောင်နေတဲ့အရာတွေ၊ ယခုပြန်ကြတော့မည့်ကျေးရွာတွေ၊ အိမ်ထောင်စုတွေကိုလည်း အဲ့ဒီနေရာမှာ ရှင်းလင်းသွားမှာဖြစ်ပါတယ်” လို့ ကေဘီစီ ဥက္ကဌ သိက္ခာတော်ရဆရာ ဒေါက်တာခလမ်ဆမ်ဆွမ်ကပြောပါတယ်။

၂၀၁၁ ခုနှစ်တကျော့ပြန်စစ်ဖြစ်ပွားရာကနေ ထွက်ပြေးတိမ်းရှောင်လာတဲ့  ကျေးရွာတော်တော်များများမှ ပြည်သူများက စစ်ဘေးရှောင်နေကြရတာ ၁၀ နှစ်ရောက်ရှိလာပြီးဖြစ်ကာ တချို့ကျေးရွားများကတော့ အခြေအနေပေါ်မူတည်ပြီး လူမှုရေးအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး နေရပ်ပြန်ကြဖို့ ပြင်ဆင်နေကြပြီဖြစ်ပါတယ်။

Leave a Reply

*