စစ်ဘေးရှောင်ပြည်သူများရဲ့မြေယာများ ကုမ္ပဏီလုပ်ငန်းရှင်များသိမ်းဆည်းမှုရှိနေ

မြစ်ကြီးနား-ဗန်းမော်လမ်းပိုင်းရှိ နားလုံဒေသတွင်းရှိ ပြည်သူများ စစ်ရေးကြောင့် စစ်ဘေးဒုက္ခသည်များအဖြစ် စစ်ရှောင်နေရတာဖြစ်ပြီး သူတို့ရဲ့နေအိမ်၊ မြေယာ၊ စိုက်ပျိုးမြေများကို အစိုးရနဲ့ ကုမ္ပဏီလုပ်ငန်းရှင်များပူပေါင်းပြီး သိမ်းဆည်းမှုတွေရှိနေကြောင်း ဒေသခံများကပြောဆိုကြပါတယ်။

ယခုကိစ္စရပ်နဲ့သက်ဆိုင်ပြီး သက်ဆိုင်ရာအစိုးရဆီ စာရေးသားပေးပို့ဖို့ပြင်ဆင်နေပေမယ့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် သွားလာရေးခက်ခဲမှုတွေရှိနေခြင်းကြောင့် စာပေးပို့ခြင်း၊ ပြောဆိုဆွေးနွေးတိုင်ပင်ခြင်းများ မလုပ်ဆောင်နိုင်သေးပဲ ဖြစ်နေပါတယ်။

ကေအိုင်အိုထိန်းချုပ်နယ်မြေရှိ နားလုံဒေသအစိတ်အပိုင်းများအတွက်လည်း ပြောဆိုရှင်းလင်းထားခြင်းရှိကာ ကေအိုင်အိုအုပ်ချုပ်ရေးဘက်အနေဖြင့်လည်း အများပြည်သူနေရာများကို ထိန်းသိမ်းစောင့်ရှောက်ပေးဖို့ တောင်းဆိုထားမှုတွေရှိကြောင်း သိရှိရပါတယ်။

ကုမ္ပဏီအနေဖြင့် ကားလမ်းရဲ့ လမ်းဘေးဝဲယာဘက်ခြမ်းအားလုံးနီးပါးကို သိမ်းဆည်းထားကာ ဧက (၁၀၀၀) နီးပါးနဲ့ ဒေသအိမ်ထောင်စု (၃၀၀) ရဲ့ မြေနေရာများ နေအိမ်ခြံဝင်းများကို သိမ်းဆည်းထားလိုက်တာကြောင့် စစ်ဘေးရှောင်ပြည်သူများ စိတ်သောကရောက်နေကြရပါတယ်။

စစ်ဘေးရှောင်နေချိန်ကာလ၊ အခက်အခဲကြုံတွေ့နေရချိန် မြန်မာအစိုးရနဲ့ ကုမ္ပဏီအနေဖြင့် ဒေသခံများကို ပြောဆိုဆွေးနွေးခြင်းမရှိပဲ ဒေသခံများရဲ့ မြေနေရာ အိမ်ခြံဝင်းများကို သိမ်းဆည်းလိုက်ခြင်းက လုံးဝမဖြစ်သင့်တဲ့ကိစ္စရပ်ဖြစ်တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

Leave a Reply

*