ရှမ်းပြည်မြောက်ပိုင်း မန်လုံနဲ့ ကောင်လင် စစစ်ဘေးရှောင်ပြည်သူများ မိမိနေရပ်ဆီကို ပြန်လည်အခြေချဖို့ ပြင်ဆင်ရာတွင် အခက်အခဲအမျိုးမျိုးကြုံတွေ့နေရတာကြောင့် ဆွေးမျိုးသားချင်းများဆီသာ သွားရောက်ခိုလှုံကာ စစ်ဘေးရှောင်စာရင်းတွင် မထည့်သွင်းနိုင်ခဲ့တာကြောင့် အစိုးရရဲ့ နေအိမ်တည်ဆောက်ရေးလုပ်ငန်းစဉ်တွင် စာရင်းမပါဝင်ခဲ့ခြင်းကြောင့် ဒေသခံအချိန် ဝမ်းနည်းစိတ်မကောင်းဖြစ်နေကြရပါတယ်။
ယခုလို စစ်ဘေးရှောင်ပြည်သူများ နေရပ်ပြန်ရေးအတွက် ပြင်ဆင်ခြင်းတွင် အစိုးရအနေဖြင့် စစ်ဘေးရှောင်ပြည်သူများရဲ့ တောင်းဆိုမှုကြောင့် လုပ်ဆောင်ပေးခြင်းဖြစ်ကာ မန်လုံကျေးရွာက ရေသန့်နဲ့ သွားလာရေးအခက်အခဲရှိခြင်းကြောင့် ကျေးရွာအသစ်ကိုသာ ပြန်လည်တည်ဆောက်သွားဖို့လည်း ပြင်ဆင်နေကြကြောင့် သိရှိရပါတယ်။
နေရပ်ပြန်ရေးလုပ်ငန်းစဉ်တွင် အချို့သောပြည်သူများရဲ့စာရင်းမပါဝင်ခဲ့ခြင်းကြောင့် အားလုံးအတူပြန်လည်ပါဝင်နိုင်ရေးအတွက် ပြင်ပအကူအညီပေးရေးအဖွဲ့များရဲ့ အကူအညီကိုတောင်းခံခြင်းလုပ်ဆောင်ဖို့လည်း ပြင်ဆင်နေတယ်လို့ ဒီကျေးရွာနှစ်ခုကို ဦးဆောင်နေတဲ့ ဦးလမာဂွန်ကပြောပါတယ်။
ကျေးရွာအသစ်ဖော်ဆောင်ဖို့ လက်ရှိအချိန်တွင် နေရာသစ်တွင် ဒေသခံများက သန့်ရှင်းရေးလုပ်ငန်းများလုပ်ဆောင်နေပြီဖြစ်ကာ မန်လုံနဲ့ ကောင်လင်စစ်ဘေးရှောင်ပြည်သူ အိမ်ထောင်စု (၃၆) စုရှိကာ စာရင်းမပေးသွင်းထားတာက (၂၃) စုရှိပါတယ်။