စစ်ဘေးရှောင်စခန်းအချို့ကို အသွားအလာကန့်သတ်ထားရှိ

ကေအိုင်အိုဌာနချုပ်နယ်မြေကို ဝင်ထွက်သွားလာခြင်း ကန့်သတ်ပိတ်ပင်ထားပေမယ့် ဂျဲယန်စစ်ဘေးရှောင်စခန်းရှိ အမျိုးသမီးတစ်ဦး ကိုဗစ်-၁၉ ရောဂါပိုးရှိကြောင်း စစ်ဆေးတွေ့ရှိရတာကြောင့် ဇူလိုင် ၂၇ ရက်နေ့ကစတင်ပြီး စစ်ဘေးရှောင်စခန်း ၂ ခုနဲ့ ကျေးရွာအချို့ကို အသွားအလာကန့်သတ်ခြင်း လုပ်ဆောင်ခဲ့ရပါတယ်။

ကိုဗစ်ရောဂါပိုးစစ်ဆေးတွေ့ရှိရသူ အမျိုးသမီးက လိုင်ဇာမှ ဇူလိုင် ၁၇ ရက်နေ့တွင် မိုင်ဆပ်ပါစစ်ဆေးရေးဂိတ်ကနေ ထွက်ခွာပြီး ဇူလိုင် ၂၄ ရက်နေ့တွင် စစ်ဆေးရေးဂိတ်အတိုင်း ပြန်လည်ဝင်ရောက်လာတာဖြစ်ပါတယ်။

ထို့နောက် ဝှေကြိုင်စစ်ဘေးရှောင်စခန်းတွင်ရှိတဲ့ ဆွေမျိုးနေအိမ်သွားရောက်ကာ ရိုးရာထုံးတမ်းဂါရဝပြုခြင်းပြုလုပ်ကာ, ဂျဲယန်စစ်ဘေးရှောင်နေအိမ်ပြန်လည်ရောက်ရှိချိန် စခန်းတာဝန်ခံမှ သံသယလက်က္ခဏာတွေ့ရှိရတာကြောင့် ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်နှိမ်နှင်းရေး ဗဟိုကော်မတီထံ သတင်းပို့ကာ စစ်ဆေးစဉ် ကိုဗစ်-၁၉ ရောဂါပိုးရှိကြောင်း တွေ့ရှိခဲ့ရတာဖြစ်ကြောင်း စစ်ဘေးရှောင်စခန်းကော်မတီထံမှ သိရပါတယ်။

အသွားအလာကန့်သတ်လိုက်တဲ့ စစ်ဘေးရှောင်စခန်းကတော့ ဂျဲယန်စစ်ဘေးရှောင်စခန်း၊ ဖွန်လွန်ယန်စစ်ဘေးရှောင်စခန်း၊ ဆွတ်မူအောင် စစ်ဘေးရှောင်စခန်း၊ ဂျာထုကောင်နဲ့ ဂျဲယန်ရပ်ကွက်(၈) တွေဖြစ်ကြောင်း ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်နှိမ်နှင်းရေး ဗဟိုကော်မတီမှ ထုတ်ပြန်ထားပါတယ်။

Leave a Reply

*