စစ်ဘေးရှောင်စခန်းတာဝန်ခံများကို လိင်စိတ်ခံယူမှုဆိုင်ရာသင်တန်းပို့ချ

စစ်ဘေးရှောင်စခန်းများတွင် ဦးဆောင်နေတဲ့ တာဝန်ခံများ၊ ကော်မတီဝင်များကို Gender Balance Violence (GBV) မှဦးဆောင်ပြီး လိင်စိတ်ခံယူခြင်းဆိုင်ရာနဲ့သက်ဆိုင်တဲ့ အမြင်တွေကို ဖေဖော်ဝါရီလဆန်းပိုင်းကနေ ပို့ချပေးနေပါတယ်။

စခန်းများတွင်ဦးဆောင်နေသူများအနေဖြင့် ပြန်လည်ပို့ချဖြန့်ဝေနိုင်ဖို့ ရည်ရွယ်ထားသလို “စစ်ဘေးရှောင်စခန်းတွေမှာ လိင်ပိုင်းဆိုင်ရာသင်တန်းတွေပို့ချပေးတာတွေရှိပေမယ့် တာဝန်ခံတွေကို ပါဝင်လာတော့နည်းပါးတယ် ပြည်သူတွေဆီကိုသာ တိုက်ရိုက်သွားထားတာကြောင့် ဦးဆောင်သူတွေ ပိုမိုရှင်းလင်းနားလည်စေဖို့ ရည်မှန်းပါတယ်” လို့ GBV ပရောဂျက်တာဝန်ခံ ဆရာမထုလွမ် ကပြောပါတယ်။

ဒီသင်တန်းမှာတော့ လိင်စိတ်ခံယူမှု၊ မွေးဖွားကြီးပြင်းခြင်း၊ အမျိုးသမီး အမျိုးသားအပေါ် အဓမ္မကျင့်ခြင်း စတဲ့အကြောင်းအရာတွေကို ပို့ချပေးခဲ့ဖြစ်ပြီး စစ်ဘေးရှောင်စခန်းတစ်ခုကို တာဝန်ခံတစ်ဦးစီဖိတ်ခေါ်ပြီး သင်တန်းပေးခဲ့ပါတယ်။ ဖေဖော်ဝါရီ ၈ ရက်နဲ့ ၉ ရက်နေ့တွေမှာတော့ ဂျဲယန်စစ်ဘေးရှောင်စခန်းတာဝန်ခံများကို သင်တန်းပို့ချပြီး၊ ၁၁ ရက်နဲ့ ၁၃ ရက်နေ့မှာတော့ ဖွန်လွန်ယန်၊ ၁၅ နဲ့ ၁၇ မှာတော့ ရှအစ်ယန်၊ ၂၂ ရက်နေ့မှာတော့ ဝှေကြိုင်စစ်ဘေးရှောင်စခန်းတာဝန်ခံများကို ပို့ချပေးသွားမှာဖြစ်ပါတယ်။

Gender Balance Violence (GBV) အဖွဲ့က KWA မှလုပ်ဆောင်တဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်ကာ ကေအိုင်အို ဗဟိုဌာနချုပ်အနီးတဝိုက်ရှိ နဲ့ အရှေ့ပိုင်းဒေသရှိစစ်ဘေးရှောင်စခန်းများကို ပုံမှန်သင်တန်းတွေိပို့ချပေးနေတာဖြစ်ပါတယ်။

Leave a Reply

*