စစ်ဘေးရှောင်စခန်းတစ်ခုတွင် ကိုဗစ်ပိုးကူးစက်ခံထားရသူ ၁၀၅ ဦးတွေ့ရှိ

ကေအိုင်အိုထိန်းချုပ်နယ်မြေ လိုင်ဇာမြို့တွင် ဩဂုတ်လ ၂၄ ရက်နေ့ ကိုဗစ်-၁၉ ရောဂါစစ်ဆေးတွေ့ရှိချက်အရ ပိုးကူစက်ခံရသူ ၅ ဦးထပ်တိုးခဲ့ကာ လက်ရှိ လိုင်ဇာတွင် ကိုဗစ်ရောဂါဖြင့် ဆေးဝါးကုသမှုခံယူနေသူ ၅၈ ဦးရှိကာ သံသယလူနာအဖြစ် ကျန်းမာရေးစောင့်ကြည့်ခံနေသူကတော့ ၇၃ ဦးရှိနေပါတယ်။

မိုင်ဂျာယန်မြို့မှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရခြင်းကြောင့် ဆေးကုသမှုခံယူနေသူတွေထဲက ၁၀၂ ပိုးကင်စင်ခဲ့ပေမယ့် အနီးဝန်းကျင်ရှိ ကျေးရွာလူထုများကို နောက်တစ်ကြိမ်း ပိုးရှိမရှိစစ်ဆေးရာမှာတော့ ပါကထောင်စစ်ဘေးရှောင်စခန်းရှိ ၁၀၅ ဦးတွင် ရောဂါကူးစက်ခံထားရတာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ထို့ကြောင့် လက်ရှိ မိုင်ဂျာယန်မြို့တွင် ကိုဗစ်ပိုးရှိလူနာ ၄၀၆ ဦးရှိကာ ဆေးကုသမှုခံယူနေကြပြီး ပိုးကင်းစင်သွားသူတွေကတော့ ၄၀၄ ဦးအထိ ရောက်ရှိနေပြီပဲ ဖြစ်ပါတယ်။ ထို့အပြင် ဆဒုံဒေသမှာတော့ ကိုဗစ်ရောဂါပိုးရှိလူနာ ၂၆ ဦးကို ဆေးဝါးကုသမှုပေးအပ်နေကာ သံသယလူနာကတော့ ၄၆ ဦးရှိပြီး ပိုးကူးစက်ခံထားရသူ ထပ်မံတွေ့ရှိမှုတော့ မရှိသေးပါဘူး။

ကေအိုင်အိုနယ်မြေ မြောက်ပိုင်းဌာနချုပ်ဒေသမှာတော့ ကိုဗစ်-၁၉ သံသယလူနာ ၂၉ ဦးရှိကာ ဖားကန့်တွင် ၁၅၄ ဦး၊ နန့်မွန်းဒေသတွင် ၂ ဦး၊ ဟူးကောင်းဒေသတွင် ၃၀ ဦးနဲ့ ရှင်ဗွေယန်ဒေသမှာ ၇ ဦးရှိနေကြောင်း ကိုဗစ်-၁၉ ရောဂါကာကွယ်နှိမ်နှင်းရေး ဗဟိုကော်မတီထံမှ သိရပါတယ်။

Leave a Reply

*