ယခင်မန်ဝိန်းကြီးစစ်ဘေးရှောင်စခန်းတွင် ခိုလှုံနေပြီး အသက်မွေးဝမ်းကြောင်းအတွက် စွန့်ခွာခဲ့ရတဲ့နေရပ်ဒေသကို ပြန်ပြီးလုပ်ကိုင်စားသောက်နေတဲ့ မန်ဝိန်းကြီးဒေသခံအချို့က ယခုမှာတော့ နိုင်ငံရေးအခြေအနေအရ တိုက်ပွဲများပြန်လည်ဖြစ်ပွားလာမည်ကို စိုးရိမ်သောကြောင့် ယခင်နေထိုင်ခဲ့တဲ့ စစ်ဘေးရှောင်စခန်းဘက်ကို တကျော့ပြန်လာခဲ့ကြောင်း စခန်းတာဝန်ရှိသူထံမှသိရပါတယ်။

ကေအိုင်အေနဲ့ အာဏာသိမ်းစစ်ကောင်စီတပ်ကြား ကချင်ပြည်နယ်နဲ့ သျှမ်းပြည်မြောက်ပိုင်းဒေသအချို့တွင် တိုက်ပွဲများခပ်စိတ်စိတ်ဖြစ်ပွားလာတာကြောင့် ကြိုတင်တိမ်းရှောင်ခြင်းဖြစ်ကြောင်း ပြောဆိုပါတယ်။
မတ်လတုန်းက မန်ဝိန်းကြီးဒေသခံ ၂ ဦးက တောထွက်သွားစဉ် မြေမြုပ်မိုင်းနင်းမိပြီး အသက်ဆုံးရှုံးခဲ့ရတဲ့ဖြစ်ရပ်တွေရှိခဲ့သလို တိုက်ပွဲပြန်လည်ဖြစ်ပွားလာပါက ပိုမိုဆိုးရွားလာနိုင်ကြောင်း သုံးသပ်ထားကြပါတယ်။
မန်ဝိန်းကျေးရွာတွင် စစ်ဘေးရှောင်စခန်း ၅ ခုရှိတာဖြစ်ပြီး အများစုကတော့ အူလန်းပါဒေသမှ ဒေသခံများ စစ်ဘေးရှောင်နေကြတာဖြစ်ပြီး လက်ရှိအခြေအနေအရ စားဝတ်နေရေးအတွက် လိုအပ်ချက်တွေကလည်း ရှိနေကြာင်း သိရပါတယ်။