ရှမ်းပြည်မြောက်ပိုင်း ကေအိုင်အေ တပ်မဟာ (၆) တပ်ရင်း (၃၆)နယ်မြေမှာ အစိုးရတပ်နဲ့ စစ်ပွဲဖြစ်ပွားခဲ့တာကြောင့် နီးစပ်ရာကျေးရွာဖြစ်တဲ့ မန်ကောင်ကျေးရွာဒေသခံများ လက်ရှိအချိန်တွင် မန်းပျဉ်းကျေးရွာ ဘုရားကျောင်းဘက် ခိုလှုံနေရပါတယ်။
စစ်ဘေးရှောင်ပြည်သူ အယောက် ၂၀၀ ဝန်းကျင်ရှိတဲ့ မန်ကောင်ကျေးရွာသားများ မိမိနေရပ်ပြန်ဖို့ပြင်ဆင်ထားကြပေမယ့် စစ်တပ်များလှုပ်ရှားမှုတွေရှိနေသေးတာကြောင့် အိမ်ပြန်နိုင်ဖို့အခက်တွေ့နေကြရပါတယ်။
“မနေ့က တိုက်ပွဲအသံတွေတော့မကြားရတော့ဘူး၊ ကျတော်တို့ မှန်းဆထားတာက စစ်မျက်နှာစာ ၂ ခုနဲ့ဝင်တာဖြစ်တာကြောင့် မနေ့ကတော့ တစ်ဖွဲ့ မနေ့တစ်နေ့ကတော့ တစ်ဖွဲ့က ပြန်ဆင်းလာတယ်အဲ့အဖွဲ့ဘယ်မှာ ရောက်နေလည်းမသိဘူး၊ ပြန်ထွက်လာတာမတွေ့သေးတာကြောင့် နည်းနည်းစိုးရိမ်စရာတော့ ဖြစ်တယ်” လို့ မိုင်းပျဉ်းဒေသခံတစ်ဦးက ပြောပါတယ်။
မထင်မှတ်ထားတဲ့အချိန် စစ်ဘေးရှောင်ရခြင်းဖြစ်တာကြောင့် အစားသောက်နဲ့ နေရာထိုင်ခင်း အခက်ကြုံနေရတဲ့အပြင် ကျန်ရစ်ခဲ့တဲ့ လယ်ယာများပြန်လည်သွားရောက်လုပ်ဆောင်ဖို့ အာမခံချက်မရှိတာကြောင့် စစ်ဘေးရှောင်သူများ စိုးရိမ်နေကြတာပါ။
စက်တင်ဘာ ၁၂ ရက်နေ့က မိုင်းပျဉ်းကျေးရွာအတွင်းကို ဝင်ရောက်လာတဲ့ မြန်မာစစ်တပ်တွေက မြို့ရှောင်လမ်းဘက် ထွက်ခွာသွားပေမယ့် တပ်ဖွဲ့တစ်ခုကတော့ လက်ရှိအချိန်ထိ ကေအိုင်အေတပ်များနဲ့ စစ်ပွဲဖြစ်ပွားနေတဲ့ မန်ကောင်ကျေးရွာ အနီးတွင် လှုပ်ရှားနေတာကြောင့် ဒေသခံများ အိမ်ပြန်နိုင်ရေးအခက်ကြုံနေကြရတာပါ။