စစ်ပွဲတွေ ဆက်တိုက်ဆိုသလိုဖြစ်ပွားနေတဲ့ ရှမ်းပြည်မြောက်ပိုင်း

ရှမ်းပြည်မြောက်ပိုင်း ကေအိုင်အေ တပ်မဟာ (၆)၊ တပ်ရင်း (၃၆) နယ်မြေဖြစ်တဲ့ မုံကိုးဒေသ ဖုန်းပျဉ်ယာန်မှာ စက်တင်ဘာ ၁၄ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ KIA, MNDAA တပ်နဲ့ အစိုးရတပ် တပ်မ (၈၈)ရှိတပ်များကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေပါတယ်။

မြန်မာစစ်တပ်က တပ်ရင်း (၃၆) နယ်မြေအတွင်းကို စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်လာခြင်းကြောင့် ယခုလိုဖြစ်ပွားရခြင်းဖြစ်နိုင်တယ်လို့ ပြောဆိုကြပါတယ်။

“ဟုတ်တယ်၊ ကျတော်တို့ရှိနေတဲ့နေရာဘက်ကို သူတို့စစ်ရေးလှုပ်ရှားမှုတွေလုပ်ဆောင်ပြီး တောင်ဘက်တက်လာတာကြောင့် တိုက်ပွဲဖြစ်ပွားရတာပါ” လို့ ရှေ့တန်းရောက်ရှိနေသူတစ်ဦးက ပြောပါတယ်။

အစိုးရတပ်အနေဖြင့် စက်တင်ဘာလကုန်အထိ အပစ်အခတ်ရပ်စဲထားမယ်လို့ ထုတ်ပြန်ထားပေမယ့် ကေအိုင်အေ တပ်မဟာ (၆)၊ တပ်ရင်း (၃၆) နယ်မြေဘက်ကို စစ်ရေးတိုးမြင့်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတာကြောင့် တိုက်ပွဲဖြစ်ပွားမှုတွေက ရပ်တန့်သွားဖို့မရှိနိုင်သေးတာကြောင့် ဒေသခံများစိုးရိမ်နေကြရပါတယ်။

စက်တင်ဘာ ၁၁ ရက်နေ့ကတည်းက ဖြစ်ပွားနေတဲ့ ဒီနယ်မြေမှာ ယမန်နေ့ကလည်း KIA, MNDAA, AA တပ်ဖွဲ့များနဲ့ မြန်မာစစ်တပ်ကြား တိုက်ပွဲပြင်းထန်ခဲ့ကာ လက်ရှိအဲ့ဒီဒေသရှိ ပြည်သူများက ကိုဗစ်-၁၉ ရောဂါကို စိုးကြောက်နေရခြင်းကြောင့် အပြင်ထွက်သွားလာခြင်းမပြုလုပ်ကြဖို့ အစိုးရမှပြောဆိုထားပေမယ့် စစ်ပွဲတွေဖြစ်ပွားလာခြင်းကြောင့် စစ်ပွဲရှောင်သူများလည်း ရှိနေပါတယ်။

Leave a Reply

*