စစ်ပြေးခဲ့ရတဲ့ ဒဘတ်ဒေသခံများ နေရပ်ပြန်နိုင်ရေး လုပ်ဆောင်နေပြီ

စစ်ပြေးဒုက္ခသည်အဖြစ် ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ ဒဘတ်ဒေသခံများအနေဖြင့် နိုဝင်ဘာ ၁၂ ရက်နေ့မှာတော့ ကျေးရွာပြန်ပြီး ဒေသခံအစစ်အမှန်ဖြစ်ကြောင်း သက်သေခံအဖြစ် သွားရောက်ကာ နေရာအသီးသီးသတ်မှတ်ယူခဲ့ကြပါတယ်။

ဓာတ်ပုံ – KBC Kachin

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်က ဖွဲ့စည်းထားတဲ့ စစ်ဘေးရှောင်ပြည်သူများ နေရပ်ပြန်ရေးဆောင်ရွက်ပေးနေတဲ့ KHCC အဖွဲ့အနေဖြင့် စစ်ဘေးရှောင်ပြည်သူများ မိမိနေရပ်ပြန်နိုင်ဖို့ နည်းလမ်းရှာဖွေဆောင်ရွက်ရာမှ နေရပ်ပြန်လို့ရတဲ့ ကျေးရွာတွင် ဒဘတ်ကျေးရွာလည်း ပါဝင်နေတာကြောင့် ဒေသခံများအနေဖြင့်လည်း အိမ်ထောင်စု (၂၁၆) စုက ဒေသခံစစ်မှန်ကြောင်း သက်သေခံခဲ့ကြပါတယ်။

နေရပ်ပြန်ပြီး မိမိကျေးရွာ မိမိနေရာများကို မူလအတိုင်း ပြန်လည်သတ်မှတ်သွားဖို့နဲ့၊ ကျေးရွာသန့်ရှင်းများကိုလည်း လုပ်ဆောင်ခဲ့ကြကာ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မပခအနေဖြင့်လည်း မိုင်းရှင်းလင်းရေးများ လုပ်ဆောင်ပေးဖို့ရှိနေကာ မြေစာရင်းအဖွဲ့များလည်း ပါဝင်ခဲ့တယ်လို့ ဆမာ့ဇုံနယ် ပြန်ကြားရေးတာဝန်ခံ ဆရာလဘန်နော်လောန် ကပြောပါတယ်။

ဒေသခံများ မိမိကျေးရွာပြန်လည်နေထိုင်နိုင်ရေးအတွက် လက်ရှိအချိန်တွင် ကျေးရွာရှင်းလင်းရေးများ စတင်လုပ်ဆောင်သွားမှာဖြစ်ပြီး KHCC အဖွဲ့က နေအိမ်များကို ပြန်လည်ပြုပြင် တည်ဆောင်ပေးသွားမှာပဲ ဖြစ်ပြီး ဒဘတ်စစ်ဘေးရှောင်ပြည်သူများကတော့ မြစ်ကြီးနား၊ ဝိုင်းမော်နဲ့ နယ်စပ်တဝိုက် ထွက်ပြေးတိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။

Leave a Reply

*