အင်းဂျန်းယန်မြို့နယ်အတွင်းရှိ ပြည်သူ (၃၀) ခန့်က မတ်လ ၂၀ ရက်နေ့က မိမိနေရပ်တွင် စစ်ပြန်လည်ဖြစ်ပွားလာမည်ကို စိုးရိမ်တာကြောင့် မြစ်ကြီးနားမြို့ရှိ စစ်ဘေးရှောင်စခန်းများဆီကို တိမ်းရှောင်ဖို့ ရောက်ရှိလာခဲ့ကြပါတယ်။
ယခုအချိန်တွင် စစ်ဖြစ်ပွားမှုမရှိသေးပေမယ့် အာဏာသိမ်းစစ်တပ်ဘက်မှ စစ်အင်အားတိုးချဲ့မှုတွေလုပ်ဆောင်နေသလို စစ်ရေးလှုပ်ရှားမှုတွေလည်း ပြုလုပ်နေခြင်းကြောင့် ကြိုတင်တိမ်းရှောင်နေရခြင်းဖြစ်ပါတယ်။
ဒေသခံအချို့ကတော့ တိမ်းရှောင်လာပေမယ့် လမ်းခုလပ်တွင်သာရှိနေသးသူများရှိသလို အချို့က မိမိတောင်ယာလုပ်ငန်းရှိနေသေးတာကြောင့် အခြေအနေစောင့်ကြည့်ကာ နေထိုင်ကျန်ရစ်နေသူများလည်း ရှိသေးကြောင်း သိရှိရပါတယ်။
ယနေ့ထွက်ပြေးတိမ်းရှောင်လာသူများကတော့ မလိခအထက်ပိုင်း ၁၄ မိုင်နဲ့ ၁၆ မိုင်ကွာဝေးတဲ့ ဂွေထော်ကျေးရွာ၊ တန်ဘောင်ကျေးရွာ၊ ဆနီထုကျေးရွာ၊ ဖါ့ဇိပ်ဇွပ်ကျေးရွာနဲ့ ဂျာထုဇွပ်ကျေးရွာများမှ ဒေသခံများဖြစ်ကြပြီး အခုကတော့ ပလနကက်သလစ်စစ်ဘေးရှောင်စခန်း၊ တြိနီတီစစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေကြပါတယ်။
စစ်ပွဲဖြစ်ပွားလာမှုကြောင့် နောက်တစ်ကြိမ် စစ်ဘေးရှောင်လာကြသူများလိုအပ်တဲ့ စားဝတ်နေရေးကို ကူညီကြဖို့လည်း နေရာဒေသအသီးသီးပြည်သူများက နည်းလမ်းပေါင်းစုံဖြင့် လုပ်ဆောင်နေကြပါတယ်။