စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ်တွင် စစ်ဘေးရှောင်ပြည်သူ ၅၀၀၀ နီးပါးတိုးလာ

ကချင်ပြည်နယ်တလွှား KIA တပ်နဲ့ အာဏာသိမ်းစစ်ကောင်စီတပ်ကြား မတ်လကစတင်ပြီး ဗန်းမော်၊ ဖားကန့်၊ အင်ဂျန်းယန်၊ မိုးမောက်၊ မြစ်ကြီးနား၊ ရွှေကူ၊ ဆွမ်ပရာဘွမ်နဲ့ ဝိုင်းမော်မြို့နယ်တွေရှိ တပ်စခန်း ၅၀ နီးပါးတွင် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ထိုသို့ KIA တပ်နဲ့ စစ်ကောင်စီတပ်ကြား တိုက်ပွဲဖြစ်ပွားစဉ် အာဏာသိမ်းစစ်ကောင်စီတပ်ဘက်မှ လေကြောင်းဖြင့် ဗုံးကြဲခြင်းတွေနဲ့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် အင်ဂျန်းယန်၊ ဖားကန့်၊ မိုးမောက်၊ မြစ်ကြီးနား၊ ရွှေကူနဲ့ ဝိုင်းမော်မြို့နယ်များတွင် ပြည်သူ ၅၀၀၀ နီးပါးထွက်ပြေးတိမ်းရှောင်နေကြရပြီဖြစ်ပါတယ်။

၂၀၁၈ ခုနှစ် စက်တင်ဘာလကစတင်ပြီး ယခုလို ထွက်ပြေးတိမ်းရှောင်ရမှုတွေမရှိခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ လွန်ခဲ့သောရက်အနည်းငယ်က ပြည်သူ ၁၀၀၀ နီးပါးက မိမိနေရပ်ပြန်နိုင်ခဲ့ပေမယ့် ကျန် ၄၀၀၀ နီးပါးကတော့ လုံခြုံရေးအခြေအနေကြောင့် တိမ်းရှောင်နေကြရဆဲဖြစ်ပါတယ်။

မြန်မာနိုင်ငံအရှေ့တောင်ပိုင်းက တိုက်ပွဲတွေကြောင့် ပြည်သူ ၄၀၀၀၀ ကျော် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ကြရသလို ရှမ်းပြည်မြောက်ပိုင်းမှာတော့ ၁၁၀၀၀ ခန့်လည်း ထွက်ပြေးတိမ်းရှောင်နေကြရပြီး ရခိုင်မှာတော့ မြေမြှုပ်မိုင်းကြောင့် အရပ်သားသေကြေဒဏ်ရာရရှိမှုနှုန်း မြင့်မားနေသေးကြောင်း UN OCHA Myanmar မှ ထုတ်ပြန်ထားပါတယ်။

Leave a Reply

*