စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရ သေဆုံးထိခိုက်မှုများပြား

ဖေဖော်ဝါရီ ၉ ရက်၊ ၂၀၂၃ ခုနှစ်။

နမ့်ဖလွန်းတောင်တွင် ယနေ့ ဖေဖော်ဝါရီ ၉ ရက် နေ့လည် ၁၁ နာရီခန့်တွင် ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ ၆ တပ်ရင်း ၉နဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ကြား တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

အကြမ်းဖက် စစ်ကောင်စီတပ်က ကွတ်ခိုင်မြို့ကနေ စစ်အင်အား၊ လက်နက်ခဲယမ်း၊ စားနပ်ရိက္ခာအပြည့်ဖြည့်တင်းကာ မော်တော်ယာဉ်များ နမ့်ဖတ်ကာဘက် စစ်ရေးလှုပ်ရှားလာစယ် ကေအိုင်အေတပ်ရင်း ၈နဲ့ ၉ ပူးပေါင်းတပ်မှ ကြားဖြတ်စောင့်ကြိုကာ တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများပြားခဲ့ကြောင်း သိရပါတယ်။

ကေအိုင်အေတပ်မဟာ ၃ တပ်ရင်း ၂၇ နယ်မြေတွင်လည်း ယမန်နေ့က မန်ဝိန်းကြီးကနေ မဂျီကုန်းဘက် စစ်ရေးလှုပ်ရှားလာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ ကေအိုင်အေတပ်ကြား ထိတွေ့မှုရှိခဲ့ကာ ၃ နာရီကြာ ပြင်းထန်စွာတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

အဆိုပါတိုက်ပွဲတွင် အကြမ်းဖက် စစ်ကောင်စီတပ်က သေဆုံးသူများပြားခဲ့ပြီး ၁၀ ဦးကျော်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့သလို ဒဏ်ရာရသူများကို မန်ဝိန်းဘက်ကနေ ဖြတ်သန်းကာ နမ့်ခမ်းဆေးရုံဘက် သယ်ဆောင်သွားခဲ့ကြောင်း သိရပါတယ်။

ယမန်နေ့ည ၉ နာရီခွဲခန့်တွင် ဖားကန့်မြို့ မော်ဝမ်းချောင်း ပန်းတင်တံတားတွင် ဖြတ်သန်းသွားလာသူများကို စစ်ဆေးလေ့ရှိနေတဲ့ အကြမ်းဖက် စစ်ကောင်စီတပ် လက်အောက်ခံရဲစခန်းကို ကေအိုင်အေ တပ်မဟာ ၉ တပ်ရင်း ၆ မှ ဝင်ရောက်တိုက်ခိုက်ခဲ့ကာ ရဲတပ်သားများ ထိခိုက်ဒဏ်ရာရရှိမှု ရှိခဲ့ကြောင်း သိရပါတယ်။

Leave a Reply

*