စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ ဂိတ် မီးရှို့ဖျက်ဆီးခံရ

ကချင်ပြည်နယ်၊ ကာမိုင်းမြို့၊ ကောင်ရာကျေးရွာတွင် နေရာယူထားတဲ့ အကြမ်းဖက် စစ်ကောင်စီတပ် လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ရဲ့ ငွေကြေးကောက်ခံတဲ့ ဂိတ်ကို မေလ ၁၃ ရက်နေ့ ညနေပိုင်း ၂ နာရီခန့်တွင် မီးရှို့ဖျက်ဆီးလိုက်ကြောင်း ဒေသခံများထံမှ သိရပါတယ်။

အဆိုပါ စစ်ဆေးရေးဂိတ်ကို မည်သည့်အဖွဲ့က မီးရှို့ဖျက်ဆီးသွားခြင်းကိုတော့ အတိအကျမသိရှိရသေးကာ မီးရှို့ခံရအပြီး စစ်ကောင်စီတပ်ဘက်မှ ဒရုန်းယဉ် ၂ စီးဖြင့် ကောင်ရာကျေးရွာတဝိုက် လိုက်လံပျံသန်းနေခဲ့ကြောင်းလည်း ပြောပါတယ်။

မီးရှို့ဖျက်ဆီးခံရတဲ့ ဂိတ်က ယခင် ခရီးသွားလာ ဖြတ်သန်းသူများကို ကြမ်းတမ်းစွာပြောဆို စစ်ဆေးတဲ့ ဂိတ်တစ်ခုဖြစ်ပြီး မင်္သကာသူများကို ဖမ်းဆီးခြင်းတွေလည်း လုပ်ဆောင်တဲ့နေရာဖြစ်ပြီး လွန်ခဲ့သော မတ်လပိုင်းက ကေအိုင်အေတပ်မှ လဝါးနဲ့ ကာမိုင်းကြားရှိ စစ်ကောင်စီတပ်ရဲ့ စစ်ဆေးရေးဂိတ်ကို ဝင်ရောက်ပစ်ခတ်လိုက်ပြီးအချိန်ကစတင်ပြီး ဖယ်ရှားနေခဲ့တဲ့ ဂိတ်ဖြစ်ကြောင်းလည်း သိရပါတယ်။

ကာမိုင်းမြို့တွင်းတွင် အကြမ်းဖက် စစ်ကောင်စီက ဒေသခံပြည်သူများကို ညမထွက်ရအမိန့်နဲ့ လူစုလူဝေးမပြုလုပ်ရဟု ချိန်းခြောက် ညွန်ကြားထားတဲ့ မြို့ဖြစ်ပါတယ်။

Leave a Reply

*