မိုးကောင်းမြို့နယ်၊ ကညှင်မြိုင်ကျေးရွာတွင် တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကောင်စီတပ် ခမရ (၃၈၃, ၃၈၄) တပ်က ကျေးရွာအနီးဝန်းကျင်ဘက် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှု ပြုလုပ်နေခဲ့ကြောင်း ဒေသခံများထံမှ သိရပါတယ်။
ဧပြီ ၁၈ ရက်နေ့ ည ၉ နာရီခွဲခန့်တွင် အကြမ်းဖက် စစ်ကောင်စီတပ်မှ လက်နက်ကြီးများ စတင်ပစ်ခတ်နေခဲ့ ၁၀ နာရီခွဲအထိ ရမ်သမ်းပစ်ခတ်နေခဲ့တာဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်း အဆိုပါ စစ်ကောင်စီတပ်စခန်းများကို ကေအိုင်အေတပ်မှ ဝင်ရောက်သိမ်းပိုက်ကာ မီးရှို့ဖျက်ဆီးပေးခဲ့လိုက်အပြီး ကျေးရွာအနီးတဝိုက်နဲ့ ကေအိုင်အေ တည်ရှိနိုင်တယ်လို့ ယူဆတဲ့ မရောင်တောင်ဘက်ကို နေ့စဉ်နေ့တိုင်လိုလို လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေတာဖြစ်ကြောင်းလည်း သိရပါတယ်။
အကြမ်းဖက် စစ်ကောင်စီတပ်မှ ယခုလိုလက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှု မကြာခဏပြုလုပ်နေခြင်းကြောင့် ဒေသခံများကလည်း စိုးရိမ်မှုများစွာဖြင့် နေထိုင် သွားလာနေရကာ လက်နက်ကြီးထိခိုက်မှာကိုလည်း စိုးရိမ်နေကြရပါတယ်။
ထို့အပြင် စစ်ကောင်စီတပ်ရဲ့ ခမရတပ်စခန်းရှေ့ကနေ ညနေပိုင်း ဖြတ်သန်းသွားလာတဲ့ မော်တော်ယာဉ်၊ ဆိုင်ကယ်များကို သေနတ်ဖြင့် လိုက်လံပစ်ခတ်တာတွေ တောင်ရှိခဲ့ကြောင်း သိရသလို ညနေ ၆ နာရီနောက်ပိုင်း ကျေးရွာအတွင်း သွားလာသူများပင်လျှင်မရှိတော့ ကြောင်းလည်း ဒေသခံတစ်ဦးကပြောပါတယ်။