ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဘာချီးကျေးရွာအနီး ပြည်ထောင်စုလမ်းမတွင် မူဆယ်ဘက်ကို စစ်အင်အားတိုးချဲ့ဖို့ တက်လာတဲ့ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီ စစ်ယာဉ်တန်းကို ယနေ့နံနက်ပိုင်း ၂ နာရီခွဲ အချိန်တွင် KIA တပ်ရင်း ၂၉ တို့ ဖြတ်တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိပါတယ်။
စစ်ကောင်စီ စစ်ယာဉ်တန်းကို KIA တို့မှ ကြားဖြတ်တိုက်ခိုက်ရာမှ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီရဲ့ စစ်ကား တစ်စီး မီးလောင်ပျက်စီးသွားကြောင်းလည်း သိရပါတယ်။
မနက် ၂နာရီခန့်မှ စပြီး တိုက်ပွဲ ၁နာရီခန့်ကြာအောင် ပစ်ခတ်နေကြကြောင်းနှင့် စစ်ကောင်စီဘက်က အထိနာပြီး ထိခိုက် ကျဆုံးမှုများ ရှိခဲ့ကာ ထိခိုက်သေဆုံးမှုစာရင်းအတိအကျကိုတော့ မသိရှိရေသးကြောင်း ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။
စစ်ကား အစီး ၅၀ ခန့်နဲ့ တက်လာတဲ့ စစ်ကောင်စီ ယာဉ်တန်းကို KIA တို့ နမ့်ဘာချီးအနီးတွင် ဖြတ်တိုက်ခြင်းဖြစ်ပြီး အဆိုပါ ယာဉ်တန်းကိုပင် ရှုခင်းသာ အနီးတွင် KIA တပ်ရင်း၃၉ တို့ နောက်တစ်ကြိမ် ထပ်မံ ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။