စစ်ကောင်စီအင်အား ၂၀၀ ဝန်းကျင်နဲ့ ကေအိုင်အေ ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွား

ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၃) တပ်ရင်း (၁၅) နယ်မြေ ဆန်ဂန်ကျေးရွာနဲ့ ဘွမ်ဆန်ဘွမ်ကြား ဖါကာချောင်းအနီးတွင် ဒီဇင်ဘာ ၁၄ ရက် ညနေပိုင်း ၂ နာရီခန့်တွင် စစ်ရေးလှုပ်ရှားမှုပြုလုပ်လာတဲ့ အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်တို့ ထိပ်တိုက် ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ဆန်ဂန်ကျေးရွာအနီး တပ်စွဲကာ စစ်ရေးလှုပ်ရှားနေတဲ့ စစ်ကောင်စီတပ် တကခ (၁၂)နဲ့ ခလရ (၇၈) ပူးပေါင်းအဖွဲ့မှ စစ်အင်အား ၂၀၀ ဝန်းကျင် စစ်ကြောင်းက ဆန်ဂန်ကျေးရွာကနေ ဘွမ်ဆန်ဘွမ်ဘက် ထိုးစစ်ဆင်လာစဉ် ကေအိုင်အေတပ်နဲ့ ထိပ်တိုက် တွေ့ဆုံခဲ့ကာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကာ အသေးစိတ်အချက်အလက်ကိုတော့ မသိရှိရသေးပါဘူး။

အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားမှုတွေ လက်တလောတွင် ထပ်တိုးလုပ်ဆောင်နေသလို စစ်အင်အားအလုံးအရင်းအသုံးပြုနေတာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၂)၊ တပ်မဟာ (၃)၊ တပ်မဟာ (၆)နဲ့ တပ်မဟာ (၉) နယ်မြေများတွင် ကေအိုင်အေတပ်နဲ့ တိုက်ပွဲဖြစ်ပွားနေပြီး မုံးကိုး-ဖောင်းဆိုင်ဒေသတွင်လည်း ကိုးကန့်တပ်မတော် (MNDAA) နဲ့ နေ့စဉ်နေ့တိုင်းလိုလို တိုက်ပွဲဖြစ်ပွားနေပါတယ်။

Leave a Reply

*