“စစ်ကောင်စီရဲ့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံတစ်ဦး ဒဏ်ရာရရှိ နေအိမ် ၂ လုံးမီးရှို့ခဲ့”

နိုဝင်ဘာ ၁၁ ရက်၊ ၂၀၂၂ ခုနှစ်။

မိုးမောက်မြို့တွင် ယနေ့ နိုဝင်ဘာ ၁၁ ရက် မနက် ၁၀ နာရီခန့်က အကြမ်းဖက် စစ်ကောင်စီတပ်မှ ပြည်သူတွေရှိရာအရပ်ဘက် လက်နက်ကြီး ပစ်ခတ်လိုက်တာကြောင့် ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်ကောင်စီတပ်မှ မိုးမောက်မြို့တဝိုက် စစ်ရေးလှုပ်ရှားမှု ပြုလုပ်လာစဉ် ကေအိုင်အေတပ်မှ မိုင်းဆွဲတိုက်ခိုက်ခဲ့အပြီး အကြမ်းဖက် စစ်ကောင်စီတပ်မှ အနီးဝန်းကျင်ဘက် လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်လိုက်တာကြောင့် အသက် ၂၃ နှစ်အရွယ် အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပါတယ်။

ထို့အပြင် စစ်ကောင်စီတပ်က ခါနန်ရပ်ကွက်ရှိ ပြည်သူများရဲ့ နေအိမ် ၂ ခုနဲ့ ဈေးဆိုင်ခန်းတစ်ခုကို အကြောင်းမရှိ မီးတင်ရှို့ခဲ့ကြောင်းလည်း သိရပါတယ်။

မိုးမောက်တဝိုက်တွင် အောက်တိုဘာ ၂၂ ရက်နေ့က စတင်ပြီး အကြမ်းဖက် စစ်ကောင်စီတပ်မှ စစ်အင်အား လက်နက်အင်အား အများအပြားဖြင့် လုံဂျာဘွမ်ဘက် စစ်ကြောင်းများစွာဖြင့် ထိုးစစ်ဆင်တိုက်ခိုက်မှု ပြုလုပ်လာတာကြောင့် ကေအိုင်အေတပ်နဲ့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်မှ လေကြောင်း ပစ်ကူတာတွေအထိ ဆက်တိုက်လုပ်ဆောင်နေခဲ့ပြီး လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင်း ဒေသခံသေဆုံးခဲ့ရမှုတွေ ရှိခဲ့ကာ နေအိမ်ပျက်စီးခြင်း၊ ဘုရားကျောင်းဝင်းပျက်စီးခြင်းများအထိ ဖြစ်ပေါ်ခဲ့ပါတယ်။

Leave a Reply

*