စစ်ကောင်စီတပ်များရဲ့ ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူ တစ်ဦးကျဆုံး အများအပြား ဒဏ်ရာရ

ကမ္ဘာလုံးဆိုင်ရာမြန်မာ့နွေဦးတော်လှန်ရေးနေ့ မေလ ၂ ရက်နေ့တွင် ဖားကန့်မြို့ မှော်ဝမ်းသပိတ် လုံးခင်းသပိတ် ပူပေါင်းပြီး ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ ပြည်သူလူထုကို အာဏာသိမ်းစစ်ကောင်စီရဲ့ လုံခြုံရေးတပ်ဖွဲ့များက အကြမ်းဖက်ဖြိုခွင်းမှုကြောင့် အပြစ်မဲ့ပြည်သူ ကိုဝေဖြိုး (အသက် ၃၃နှစ်) ဦးခေါင်းကျည်ထိမှန် ကျဆုံးသွားကာ ဒဏ်ရာရရှိသူ ၂၀ ဦးထက်မနည်းရှိပြီး ၁၂ ဦး ဖမ်းဆီးခံလိုက်ရကြောင်း သိရပါတယ်။

စစ်ကောင်စီတပ်များက ကျည်စစ်ကျည်မှန်များဖြင့် လက်နက်အလွန်အကျူးသုံးစွဲကာ ဖြိုခွဲခဲ့တာဖြစ်ပြီး ကျဆုံးသွားသူကိုတော့ စစ်ကောင်စီတပ်များ လုယူရန်ကြိုးပမ်းလာခြင်းကြောင့် မိသားစုများရဲ့ ဆန္ဒဖြင့် ချက်ချင်းမီးသင်္ဂြိုလ်လိုက်ကြောင်း သိရပါတယ်။

Leave a Reply

*