စစ်ကောင်စီတပ်များမှ ဒေါ့ဖုန်းယန်အနီး ကျေးရွာဘက် လက်နက်ကြီးများ ပစ်ခတ်နေ

ဒေါ့ဖုန်းယန်မြို့တွင် တပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ် တပ်မ (၈၈) အနေဖြင့် အနီးဝန်းကျင်ရှိ ကျေးရွာဘက် ယနေ့ည ၉ နာရီ ၄၀ မိနစ်အချိန်ကစတင်ပြီး လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်မှုတွေပြုလုပ်နေကြောင်း သိရပါတယ်။

 စစ်ကောင်စီတပ်များအနေဖြင့် မိနစ် ၂၀ အတွင်း အနီးဝန်းကျင်ရှိ ကျေးရွာဘက် လက်နက်ငယ်ဖြင့် အချက် ၁၀၀ ဝန်းကျင်နဲ့ လက်နက်ကြီး ၁၀ ချက်ထက်မနည်း ရမ်းသန်းပစ်ခတ်မှု လုပ်ဆောင်ခဲ့သလို လက်ရှိအချိန်ထိ ပစ်ခတ်မှုတွေရှိနေပါတယ်။

ယခုလို လက်နက်ကြီးများ ရမ်းသန်းပစ်ခတ်နေခြင်းရဲ့ အကြောင်းရင်းကို သေချာမသိရှိရပေမယ့် အာဏာသိမ်းစစ်တပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးများ ကျေးရွာထိပ်နဲ့ အနီးဝန်းကျင် ကျရောက်ပေါက်ကွဲမှုတွေရှိနေကြောင်း ဒေသခံများထံမှ သိရပါတယ်။

အာဏာသိမ်းစစ်တပ် တပ်မ (၈၈) အဖွဲ့မှ ဇွန်လ ၂၀ ရက်နေ့ကစတင်ပြီး မြို့အတွင်းရှိ ဆေးရုံများ၊ ရဲစခန်းနဲ့ ရပ်ကွက်အုပ်ချုပ်ရေးရုံးများတွင် တပ်စွဲနေထိုင်နေတယ်လို့ သိရပါတယ်။

Leave a Reply

*