ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုး-ဖောင်းဆိုင်ဒေသတွင် အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့မှ ပြည်သူတွေ နေထိုင်ကြတဲ့ ကျေးရွာဘက် လက်နက်ကြီး ပစ်ခတ်လိုက်မှုကြောင့် ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ဒီဇင်ဘာ ၇ ရက် နေ့လည် ၁၂ နာရီခွဲခန့်တွင် မုံးကိုးမြို့တွင် တပ်စွဲထားတဲ့ စစ်ကောင်စီတပ်မှ လရှပ်ကျေးရွာဘက် လက်နက်ကြီး ပစ်ခတ်လိုက်စဉ် အသက် (၃၅) နှစ်အရွယ် အမျိုးသမီးတစ်ဦး မိုင်းစထိမှန်ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ အမျိုးသမီး မန်ရှန် ဘောမ့်လွေ (အသက် ၃၅ နှစ်) ကနေအိမ်တွင် ရှိနေစဉ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ကျည်စထိမှန်ကာ ဒဏ်ရာရရှိခဲ့တဲ့အပြင် နေအိမ်လည်း ပျက်စီးသွားခဲ့ကြောင်း ဒေသခံတစ်ဦးကပြောပါတယ်။
အဆိုပါအမျိုးသမီးက လက်ရှိတွင် နေအိမ်တွင်သာ နေထိုင်ပြီး ဆေးဝါးကုသမှုခံယူနေကာ စစ်ကောင်စီတပ်ဘက်မှ ယခုလို လက်နက်ကြီး ရမ်းသမ်းပစ်ခတ်လိုက်မှုကြောင့် အပြစ်မဲ့ပြည်သူတွေ သေဆုံးရမှုတွေ၊ ထိခိုက်ဒဏ်ရာရရှိမှုနဲ့ နေအိမ်ပျက်စီးသွားခဲ့ရမှုတွေက ရှမ်းပြည်နယ် မြောက်ပိုင်းတွင် မကြာခဏဆိုသလို ဖြစ်ပေါ်နေပါတယ်။