စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူတစ်ဦးကို ရိုက်နှက်ပြီး ပစ္စည်းများ လုယူသွား

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဂွတ်ကျေးရွာအနီး စစ်ရေးလှုပ်ရှားလာတဲ့ စစ်ကောင်စီတပ်က ဒေသခံတွေရှိနေတဲ့ ကျေးရွာဘက် လက်နက်ရမ်းသမ်းပစ်ခတ်မှုတွေ လုပ်ဆောင်တဲ့အပြင် ပြည်သူတစ်ဦးကိုလည်း ရိုက်နှက်နှိပ်စက်ခဲ့ကြကြောင်း သိရပါတယ်။

ရိုက်နှက်ခံရသူကတော့ နမ့်ဂွတ်ဒေသခံတစ်ဦးဖြစ်ပြီး စစ်ကောင်စီတပ်က သူ့ရဲ့ နေအိမ်ဘက် အဓမ္မဝင်ရောက် မွှေနှောက်ပြီး ဖုန်းနဲ့ လိုချက်တဲ့ပစ္စည်းများ ယူဆောင်သွားခဲ့သလို အိမ်ရှင်ကို လက်နက်ဖြင့် ရိုက်နှက်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။

“နမ့်ဂွတ်ကျေးရွာကပါ သေနတ်ဒင်းနဲ့ ဦးခေါင်းကို ထုလိုက်တာ၊ အိမ်ရှင်ဇနီးနဲ့ ကလေးတွေကို အိမ်ပြင်ထုတ်ထားပြီးတော့ တစ်အိမ်လုံး မွှေနှောက်ပြီးတော့ ဒေသသုံးတူမီးတစ်လက်၊ ကလေးတွေရဲ့ ဖုန်းတွေ ယူသွားတယ်၊ ဒီမနက် ၂ နာရီလောက်မှာ စစ်ယဉ်တန်း မိုင်းဆွဲခံရတော့ သူတို့က သေနတ်တွေပစ်ပြီးတော့ ရောက်လာကြတာပါ” လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ယနေ့မနက် ၂ နာရီခန့်တွင် အာဏာသိမ်း စစ်ကောင်စီ စစ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရမှုရှိခဲ့ကာ မုံကိုး-ဖောင်းဆိုင်ဒေသဘက် စစ်အင်အား၊ လက်နက်ခဲယမ်းနဲ့ ရိက္ခာများ ပို့ဆောင်မှုတွေလည်း ဆက်တိုက်ရှိနေကြောင်း သိရပါတယ်။

Leave a Reply

*