စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံပြည်သူများ တိမ်းရှောင်

တနိုင်း-လီဒိုလမ်းတစ်လျှောက် စစ်အင်အားတိုးချဲ့လာတဲ့ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ရေးလှုပ်ရှားမှုတွေလုပ်ဆောင်နေတဲ့အပြင် ကျေးရွာအနီးဝန်းကျင်ဘက် လက်နက်ကြီးပစ်ခတ်မှုတွေလည်း ပြုလုပ်လာတာကြောင့် ဒေသခံပြည်သူများက ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

စက်တင်ဘာ ၂၆ ရက် ယမန်နေ့ မနက် ၈ နာရီခွဲတွင် လခရားယန်ပါတွင် တပ်စွဲနေရာယူထးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖါလပ်ကုန်းဘက် လက်နက်ကြီးဖြင့် ၇ ကြိမ်းထက်မနည်း ပစ်ခတ်နေခဲ့ကာ ၁၁ နာရီခန့်မှာတော့ တိန်ကော့ကွင်းပြင်ကနေ လခရားယန်တောင်ရှိ ရာဘာခြံဘက် လက်နက်ကြီး ၁၀ ကြိမ်ထက်မနည်း ပစ်ခတ်မှုရှိခဲ့ပြီး လက်နက်ငယ်များဖြင့်လည်း ရမ်းသမ်းပစ်ခတ်နေခဲ့ကြောင်း သိရပါတယ်။

စစ်ရေးလှုပ်ရှားလာတဲ့ အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များကို စက်တင်ဘာ ၂၅ ရက် မနက် ၇ နာရီခန့်တွင် ဒွန်ဘုန်းချောင်းနဲ့ ဆိုင်လိန်ချောင်းဆုံတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA မှ ကြားဖြတ်တိုက်ခိုက်ခဲ့အပြီး ညနေပိုင်း ၁ နာရီကစတင်ပြီး အနီးဝန်းကျင်ဘက် စစ်ကောင်စီတပ်က လက်နက်ကြီး လက်နက်ငယ် ရမ်းသမ်းပစ်ခတ်မှု ပြုလုပ်နေခဲ့တာဖြစ်ပါတယ်။

ထိုဒေသအနီးဝန်းကျင်ရှိ ပြည်သူများက စစ်ကောင်စီ ရမ်းသမ်းပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး ပြည်သူများ သေဆုံးဒဏ်ရာရရှိမှု နေအိမ်များပျက်စီးမှုတွေ ဖြစ်ပေါ်လာမှာကို စိုးရိမ်နေကြသလို တိုက်ပွဲပြင်းထန်လာမှာကိုလည်း စိတ်ပူပန်နေကြရပါတယ်။

Leave a Reply

*