ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၉) တပ်ရင်း (၆) နယ်မြေ ဖားကန့်မြို့နယ် နမ့်ဂျန်ကျေးရွာတွင် နိုဝင်ဘာ ၁၃ ရက် ယနေ့ညနေပိုင်း ၄ နာရီခွဲတွင် အာဏာသိမ်း စစ်ကောင်စီတပ်စခန်းကို ကေအိုင်အေမှ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
အဆိုပါနယ်မြေရှိ နမ့်ဂျန် အောင်လန်၊ နမ့်ဂျန် ဆိုင်းဂျာ နဲ့ နမ့်ဂျန် ဂါးခရန်ဘွမ် စတဲ့နေရာများတွင် တပ်စွဲနေထိုင်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ကေအိုင်အေတပ်မှ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
လက်ရှိ စစ်ကောင်စီတပ် ခမရ (၁၁၁) တပ်ရင်း တပ်စွဲနေရာယူထားတဲ့ နမ့်ဂျန်စစ်စခန်းများက ယခင်အချိန်က ကေအိုင်အေတပ်စွဲနေထိုင်ရာ စခန်းဖြစ်ပြီး နှစ်ဖက်တိုက်ပွဲဖြစ်ပွားချိန် စွန့်ခွာပေးခဲ့ရတာကြောင့် မူလနေရာ ပြန်လည်ရရှိရေးအတွက် တိုက်ခိုက်ခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။