စစ်ကောင်စီက လက်နက်ကြီးရမ်းသမ်းပစ်ခတ်နေခြင်းကြောင့် မုံးကိုးဒေသခံများ ထိတ်လန့်နေရ

ရှမ်းပြည်နယ် မြောက်ပိုင်း (Kachin Sub-state) မုံးကိုးဒေသတွင် အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်က ပြည်သူလူထုတွေရှိတဲ့ ကျေးရွာအနီးဝန်းကျင်ဘက် လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုတွေ ပြုလုပ်နေခြင်းကြောင့် ဒေသခံများက စိုးရိမ်ထိတ်လန့်နေကြရကြောင်း သိရပါတယ်။

ကိုးကန့်ဒေသဘက် တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ မုံးကိုးဗျူဟာကုန်းတွင် တပ်စွဲထားတဲ့ စစ်ကောင်စီတပ် တပ်မ (၉၉)နဲ့ (၇၇) တို့က ယခင်လကတည်းက စတင်ပြီး တိုက်ပွဲဖြစ်ပွားမှုမရှိချိန်တွင်လည်း ဒေသခံတွေ တည်ရှိနေတဲ့ ကျေးရွာအနီးဝန်းကျင်ဘက်အထိ လက်နက်ကြီးများ ရမ်းသမ်ပစ်ခတ်လိုက်မှုတွရှိခဲ့ကာ ယနေ့ ဒီဇင်ဘာ ၆ ရက်နေ့တွင်လည်း လက်နက်ကြီး ပစ်ခတ်မှုတွေ ဆက်တိုက် ကြားခဲ့ရကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။

ယခုရက်ပိုင်းတွင် မုံးကိုးမြို့နဲ့ ထိစပ်နေတဲ့ ကျေးရွာများတွင် တိုက်ပွဲများ မကြာခဏဖြစ်ပွားလေ့ရှိကာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုတွေကလည်း အချိန်အခါမရွေးဖြစ်ပွားနေတာကြောင့် ဒေသခံအများစုက မုံးကိုးမြို့ဘက် ထွက်ပြေးတိမ်းရှောင်နေကြရကာ အချိန်ကြာလာတာနဲ့အမျှ စားဝတ်နေရေးအခက်ကြုံတွေ့လာရမှာကိုလည်း စိုးရိမ်နေကြရပါတယ်။

Leave a Reply

*