စင်လုံဘော်ဒါရှိ စစ်ဘေးရှောင်ပြည်သူများ နေရာထိုင်ခင်း လိုအပ်ချက်ကြီးမားနေ

မိုးမောက်မြို့  စင်လုံဘော်ဒါရှိ စစ်ဘေးရှောင်ပြည်သူများက လုံခြုံတဲ့နေရာထိုင်ခင်း မရရှိသေးတာကြောင့် ကျန်းမာရေးအတွက် စိုးရိမ်ဖွယ် အခြေအနေဖြစ်နေကြောင်း သိရပါတယ်။

ထိုစစ်ဘေးရှောင်ပြည်သူများက မတ်လ ပိုင်းကတည်းက မိုးမောက်ဒေသတွင်း တိုက်ပွဲများပြင်းထန်လာခြင်းကြောင့် ဘေးလွတ်ရာကို တိမ်းရှောင်ကြရင်း စင်လုံသာသနာဘော်ဒါဝင်းကို ရောက်ရှိလာတာဖြစ်ပြီး ဘော်ဒါဆောင်ရှိ အဆောင်များတွင် စုပြုံကာ နေထိုင်နေကြရတာဖြစ်ပါတယ်။

စစ်ဘေးရှောင်စခန်း အတည်အကျတည်ဆောက်ဖို့ အကူအညီပေးရေးအဖွဲ့များနဲ့ ဆွေးနွေးထားမှုရှိပေမယ့် လုပ်ဆောင်နိုင်ခြင်းမရှိသေးတာကြောင့် တစ်နေရာတွင် စုပြုံနေထိုင်ခြင်းက ကျန်းမာရေးအတွက် ပြဿနာတစ်ရပ်ဖြစ်လာနိုင်တာကြောင့် စိုးရိမ်နေရတယ်လို့ တာဝန်ခံတစ်ဦးကပြောပါတယ်။

“နေထိုင်ဖို့ တဲအိမ်လေးတောင်မရှိဘူး ဘော်ဒါဆောင်မဖွင့်တော့ ကျောင်းသားတွေနေတဲ့နေရာမှာ ယာယီနေနေတယ်၊ စခန်းကော်မတီအနေဖြင့် မိုးမောက်ကို ကူညီနေကြတဲ့သူတွေကို မေးမြန်းတာတွေတော့ရှိပေမယ့် သူတို့ကလည်း အခက်အခဲဖြစ်နေကြတယ်ထင်တယ် အဖြေတော့မပေးခဲ့ကြဘူး, စုပြုံပြီး နေလာတာ ၆ လရှိပြီ အခုတလော ဖျားနာသူတွေများလာတဲ့အချိန် တော်တော့်ကို စိတ်ပူလိုက်ရတယ်၊ အကုန်လုံးစုပြုံနေထိုင် အိပ်စက်နေရတာမို့ စိုးရိမ်မိတယ်” လို့ သူကပြောပါတယ်။

စစ်ဘေးရှောင်စခန်းတွင်း လွန်ခဲ့သောလကစတင်ပြီး ဖျာနာသူတွေ တိုးများလာခဲ့ပေမယ့် လူနာများကို ဆေးခန်းပို့ဆောင်ဖို့၊ ဆေးကုသမှုပေးဖို့ ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခဲ့ခြင်းမရှိကြောင်းလည်း ပြောပါတယ်။

လက်ရှိအချိန်ထိ စင်လုံသာသနာဘော်ဒါဝင်းတွင် တိမ်းရှောင်နေကြတဲ့ စစ်ဘေးရှာင် အိမ်ထောင်စု ၆၇ စု လူဦးရေ ၃၁၉ ဦးရှိနေတာဖြစ်ပြီး ဇူလိုင်လကစတင်ပြီး အကူညီပေးတာတွေ မရောက်ရှိတော့တာကြောင့် စားဝတ်နေရေးခက်ခဲမှုနဲ့ ကြုံတွေ့နေကြရကြောင်း သိရပါတယ်။

Leave a Reply

*