ငွေရတုပြည့်မြောက်ခဲ့တဲ့ ကေအိုင်အိုရဲ့ စိုက်ပျိုးမွေးမြူရေးကျောင်း

ကေအိုင်အိုအစိုးရ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဌာနမှ ဦးစီးဖွင့်လှစ်ထားတဲ့ အလန့်ဘွမ်ရှိ စိုက်ပျိုးမွေးမြူရေးကျောင်း ဖွင့်လှစ်ခြင်း ၂၅ နှစ်ပြည့် ငွေရတုပွဲကို ယမန်နေ့ စက်တင်ဘာ ၃ ရက်နေ့ မနက် ၉ နာရီခန့်တွင် ကျောင်းဝင်းရှိ ခန်းမကြီးတွင် ပြုလုပ်ခဲ့ပါတယ်။

“စိုက်ပျိုးမွေးမြူရေးကျောင်းတစ်ခုဖြစ်တည်လာဖို့ မြေနေရာက အင်မတန်အရေးကြီးတဲ့အရာဖြစ်တယ် စိုက်ပျိုးနေရာမရှိရင်းဘာမှ လုပ်ဆောင်လို့မရ အခက်ကြုံရတတ်တယ်၊ ခေတ်မှီဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတွေမှာ စိုက်ပျိုးမွေးမြူရေးကို အခြေခံအုတ်မြစ်အဖြစ်ထားလေ့ရှိတယ်၊ စားသောက်ရေးပြေလည်မှ ကျန်းမာပြီး လုပ်ငန်းဆောင်ရွက်မှုမှာ ထိရောက်မှာလေ” လို့ စိုက်ပျိုးမွေးမြူရေးဌာန တာဝန်ခံ ကရိန်ဘရန်ဆိုင်း ကအဖွင့်မိန့်ခွန်းတွင် ပြောဆိုခဲ့ပါတယ်။

စိုက်ပျိုးမွေးမြူရေးကျောင်း ၁၉၉၇ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ယခုနှစ်မှာတော့ ၂၅ နှစ်တင်းတင်းပြည့်မြောက်ခဲ့ပြီးဖြစ်ကာ ကျောင်းသား ၃၆၃ ဦးကိုလည်း ပညာသင်ကြားပေးနိုင်ခဲ့ပြီး လာမည့်အချိန်များမှာတော့ တက္ကသိုလ်အဆင့်ထိ ရောက်ရှိဖို့ စီမံထားကြောင်း သိရပါတယ်။

Leave a Reply

*