Kachin News Group, BNI, တိုင်းရင်းသား Media တိုးဦးဆောင်ပြီး လက်ရှိဖြစ်ပေါ်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့သက်ဆိုင်ပြီး တွေ့ဆုံဆွေးနွေးမှုကို မြစ်ကြီးနားမြို့မှာ ဩဂုတ် ၂၆ ရက်နေ့က ပြလုပ်ခဲ့ပါတယ်။
လက်ရှိသွားနေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေ၊ လက်တွေ့အကောင်းအထည်ဖော်မှုတွေ၊ အများပြည်သူရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် ရှုမြင်မှုတွေကို ပြန်လည်သုံးသပ်ပြီး အများပြည်သူ သိသင့်သိထိုက်တဲ့ သတင်းအချက်အလက်များကို အချိန်နဲ့တစ်ပြေးညီသိရှိနိုင်ဖို့ ယခုလို တွေ့ဆုံခြင်းလည်းဖြစ်ပါတယ်။
ဆွေးနွေးမှုမှာတော့ ဌာနေလက်ကိုင်တပ်ဖွဲ့များရဲ့ ငြိမ်းချမ်းရေးလမ်းစဉ်၊ စစ်ဘေးရှောင်ပြည်သူများ နေရပ်ပြန်ရေးကိစ္စရပ်တွေ၊ CSO အဖွဲ့အစည်းများရဲ့ အများပြည်သူအပေါ် အကျိုးပြုလုပ်၊ သယံဇာတကိစ္စရပ်တွေ၊ ကချင်ပြည်နယ်အတွင်း နိုင်ငံခြားရင်းနှီးမြုပ်နှံမှုအခြေအနေ စတဲ့ကိစ္စရပ်များကို တိုင်ပင်ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
နိုင်ငံရေးပါတီတွေ၊ CSO တွေ၊ အမျိုးသမီးအရေးလှုပ်ရှားသူတွေ၊ လူငယ်များနဲ့ ဒေသတွင်းမီဒီယာများ အားလုံးစုစုပေါင်း အယောက် (၃၀) ပါဝင်ခဲ့ကြပါတယ်။