ကေအိုင်အိုထိန်းချုပ်နယ်မြေ အရှေ့ပိုင်းဌာနချုပ် ဗန်းမော်နယ်၊ အင်ဘာပါမြို့နယ်၊ ဂိုင်ဒေါ်ကျေးရွာမှ ငါးလောင်းပြိုင်လူသတ်မှု အမှုစစ်ဆေးခြင်းကို ဆက်တိုက်လုပ်ဆောင်နေရာ လာမည့် ရက်များတွင် ပြီးဆုံးဖွယ်အခြေအနေ ရောက်နေပြီလို့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။ လက်ရှိတွင် သံသယတရားခံ ၃ ဦးကို ဗန်းမော်နယ်မှ တာဝန်ရှိသူများ အမှုစစ်နေခြင်းဖြစ်ကာ လူအများအပြားကို သတ်ခဲ့တဲ့ အသေးစိတ်အချက်အလက် သိရှိဖို့ လုပ်ဆောင်နေခြင်းဖြစ်ကာ အထက်ကညွန်ကြားချက်အတိုင်း အမှန်ကန်ဆုံး စစ်ဆေးသွားမှာပဲ ဖြစ်ပါတယ်။

ယခုဖြစ်စဉ်တွင် ဦးယာကုလဇိန်တန်ဂွန်းရဲ့ ဇနီး၊ သားသမီးနဲ့ အဘွားအိုမိခင်တို့ စုစုပေါင်း ငါးဦး သတ်ဖြတ်ခံလိုက်ရခြင်းဖြစ်ပြီး ဘိုးဘွားပိုင်မြေယာကိစ္စရပ်ကြောင့်ဖြစ်ကာ လုပ်ငန်းကိစ္စရပ်ကြောင့် မဟုတ်ဘူးလို့ ကနဦးသိရှိရပါတယ်။