ဂွေခါမြေပြိုနေရာတစ်ဝိုက် ရေမဆေးရှာဖွေခြင်း ခွင့်မပြုသေး

ဖားကန့်မြို့ ဂွေခါမှော်ရှိ လူများစွာသေဆုံးစေခဲ့တဲ့ မြေပြိုမှုဖြစ်ပွားရာနေရာတစ်ဝိုက်မှာ မြေပြိုပြီးနောက်ပိုင်းကနေ လက်ရှိအချိန်ထိ ကျောက်ရှာဖွေခြင်း ပိတ်ပင်ထားသလို လက်ကျင်းတူးဖော်မှုများကိုလည်း အရေးယူမှုတွေလုပ်ဆောင်သွားမှာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

မိုးတွင်းကာလဖြစ်တာနဲ့အညီ မိုးရွာသွန်းမှုများပြားပြီး မြေပြိုမှုတွေ အမှတ်မထင် ဖြစ်ပွားလာမည်ကို စိုးရိမ်သောကြောင့် ရေမဆေးရှာဖွေခြင်းများကို မလုပ်ဆောင်စေခြင်းဖြစ်ပါတယ်လို့ သိရှိရပါတယ်။

ဇူလိုင်လကတည်းက ပိတ်ပင်ထားခြင်းဖြစ်ပေမယ့် အချို့သောသူများက ကိုဗစ်-၁၉ ဖြစ်တာနဲ့အညီ ဝမ်းရေးအတွက် လုပ်ကွက်အတွင်း ရေမဆေးကျောက်ရှာဖွေခြင်းများကို ခိုးလုပ်နေခြင်းများလည်း ရှိနေကြပါတယ်။

“စားဝတ်နေရေးခက်ခဲလာရင်တော့ သူတို့မဝင်နဲ့ဆိုရင်လည်း ခိုးဝင်မှာပဲ၊ မဝင်ရလို့ပြောပေမယ့် စားသောက်ဖို့ရှိသေးတယ်လေ၊ မရှာရင်လည်းမရ ရှာပြန်တော့လည်း ပြန်မောင်းထုတ်ကြ” လို့ ရေမဆေးကျောက်ရှာဖွေသူများရဲ့ အခက်အခဲကို ဂွေခါဒေသခံ ဦးအင်ခွန်တန်ဂွန်းက ပြောပါတယ်။

ရေမဆေးရှာဖွေသူ အယောက် ၂၀၀ နီးပါးသေဆုံးစေမှုအထိ မြေပြိုမှုတွေရှိခဲ့တဲ့ ဂွေခါမှော်မှာတော့ မိုးရာသီကာလအတွင်း လုပ်ကွက်အတွင်းမဝင်ရောက်ဖို့ ပိတ်ပင်ထားတာကြောင့် ဇူလိုင် (၁၀) ရက်နေ့၊ (၂၀) ရက်နေ့နဲ့ ဩဂုတ်လ (၈)ရက်နေ့တွေက မြေပြိုမှုတွေရှိခဲ့ပေမယ့် ထိခိုက်မှုတော့ မရှိဘူးလို့ သိရှိရပါတယ်။

Leave a Reply

*