ဂျန်မိုင်ကောင်ရပ်ကွက်တွင် မူးယစ်ဆေးဝါးရောင်းဝယ်သူနဲ့သုံးစွဲသူ ဖမ်းမိ

မြစ်ကြီးနားမြို့နယ် ဂျန်မိုင်ကောင်ရပ်ကွက်ရှိ မူးယစ်ဆေးဝါးနှိမ်နှင်းရေးအဖွဲ့မှ ဧပြီ ၁၂ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ ရပ်ကွက်တွင်း နှိမ်နှင်းရင်းလုပ်ဆောင်စဉ် မူးယစ်ဆေးဝါးရောင်းဝယ်သူနဲ့ သုံးစွဲသူ စုစုပေါင်း ၂၄ ဦး ဖမ်းဆီးရရှိခဲ့ပါတယ်။

ရောင်းဝယ်သူနဲ့ သုံးစွဲသူများက ပတ်ဂျီဆန်အဖွဲ့မှ ဆုံးမသွန်သင်မှုတွေ၊ ဒဏ်ပေးအရေးယူမှုတွေပြုလုပ်ပြီး ပြန်လွဝ်ပေးခဲ့ကာ အချို့ကိုတော့ မူးယစ်ဆေးဝါးဖျက်စခန်းများကို ပို့ဆောင်ပေးခဲ့ကာ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးများကိုတော့ မီးရှို့ဖျက်ဆီးလိုက်ကြောင်း သိရပါတယ်။

“နိုင်ငံရေးအခြေအနေကြောင့် ပြည်သူတွေ အခက်အခဲတွေ့နေချိန် ပတ်ဂျီဆန်အဖွဲ့အနေနဲ့ နှိမ်နှင်းရေးလုပ်ဆောင်ချိန် ရပ်ကွက်တွင်း မူယစ်ဆေးဝါးကို လွတ်လပ်စွာရောင်းဝယ်ဖောက်ကားလာသလို သုံးစွဲသူတွေကလည်း တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာပြီး ရပ်ကွက်တွင်းမှာ ခိုးဆိုးလှုနှိုက်တွေကလည်း ပိုမိုလာတာကြောင့် နိုင်ငံရေးအကောင်းတဲ့ကြားကပဲ မူယစ်ဆေးဝါးနှိမ်နှင်းရေးကို လုပ်ဆောင်ခဲ့တာပါ” လို့ ဂျန်မိုင်ကောင် မူးယစ်ဆေးဝါးနှိမ်နှင်းရေးအဖွဲ့တွင် ပါဝင်သူ ဆွမ်ဒူ ခွန်ဆိုင်း ကပြောပါတယ်။

ရပ်ကွက်လုံးခြုံမှုရရှိစေဖို့ နိုင်ငံရေးမတည်မငြိမ်ဖြစ်နေတဲ့ကြားမှာ ပတ်ဂျီဆန်အဖွဲ့မှ နှိမ်နှင်းရေးလုပ်ဆောင်လာတာ လွန်ခဲ့သော ၂ လကတည်းကလုပ်ဆောင်ခဲ့တာဖြစ်ပြီး ယနေ့ ဧပြီ ၁၆ ရက်နေ့အထိမှာတော့ ရောင်းဝယ်သူနဲ့ သုံးစွဲသူ (၇၈) ဦးကို ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။

Leave a Reply

*