ဂိုင်ဒေါ်ကျေးရွာမှ ငါးလောင်ပြိုင်လူသတ်မှု သံသယတရားခံနှစ်ဦးဖမ်းဆီးထား

ကေအိုင်အိုအုပ်ချုပ်နယ်မြေဖြစ်တဲ့ မံစီမြို့နယ်၊ အင်ဘာပါမြို့နယ်ခွဲရှိ ဂိုင်ဒေါ်ကျေးရွာမှာ ဇူလိုင်လ ၂ ရက်နေ့က ဦးယာကု လန်းဇိန်းတန်ဂွမ်း (ဖခင်)၊ ဒေါ်ဆွမ်လွတ် ထုနန် (မိခင်)၊ မောင်လန်းဇိန်းဆန်လီနော်၊ မောင်လန်းဇိန်းဒွဲဆန်အောင်နဲ့ အဘွားအို ဒေါ် ယမ်ထု တို့ကို သတ်ဖြတ်သွားခဲ့ကာ အကြီးဆုံးသားကတော့ ထွက်ပြေးလွတ်မြောက်နိုင်ခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ စိတ်ရှောက်ရှားမှုဖြစ်ပွားတာကြောင့် စကားပြောနိုင်ခြင်းမရှိဖြစ်ခဲ့ရပါတယ်။

“အလောင်းတွေကို ကြည့်ရတာတော့ ဖခင်ကို စားဖိုခန်းမှာ၊ ဇနီးကိုတော့ အိမ်ခန်းတံခါးနားမှာ အဖွားနဲ့ကလေးတွေကိုတော့ အိပ်ယာခင်းပေါ်မှာဆိုတော့ တဆက်တည်း သတ်ဖြတ်လိုက်သလို ဖြစ်နေတယ်” လို့ ဂိုင်ဒေါ်အသင်းတော်က ဆရာလရှန်း ဖုန်ဂျာ ကပြောပါတယ်။ ယင်းကိစ္စနဲ့သက်ဆိုင်ပြီး ကေအိုင်အို ဝန်ထမ်းမှ သံသယရှိသူ နှစ်ဦးကို ဇူလိုင် ၂ ရက်နေ့လည် ၁၂ နာရီအချိန်ခန့်တွင် ဖမ်းဆီးထားပြီးဖြစ်ကာ လက်ရှိအချိန်တွင် မံစီမြို့နယ် ကေအိုင်အိုတရားရုံးတွင် လူသတ်မှုဖြင့် အမှုဖွင့်ထားပြီး စစ်ဆေးနေပါတယ်။

ဓာတ်ပုံ – RVA Kachin

ဂိုင်ဒေါ်ကျေးရွာတွင် ယခုလို လူသတ်မှုဖြစ်ရပ်များက ယခင်ကလည်း ဖြစ်ပွားခဲ့ဘူးပေမယ့် ဘယ်သူဘယ်ဝါလုပ်ဆောင်သွားခြင်းကို စုံစမ်းနိုင်မှုမရှိခြင်းကြောင့် ဒေသခံများကို ပိုမိုကြောက်စိတ်ဖြစ်ပေါ်စေသလို ကျေးရွာလုံခြုံရေးအတွက် ရဲစခန်းတစ်ခုဖွင့်လှစ်ပေးဖို့ နိုင်ငံတော်အစိုးရကို ပန်ကြားချင်နေတယ်လို့ ဒေသခံများက ပြောကြပါတယ်။ လက်ရှိတွင် ငါးလောင်းပြိုင် လူသတ်မှုအတွက် ဖြစ်ရပ်နဲ့မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချမှနိုင်ဖို့ စစ်ဆေးမေးမြန်းမှုတွေလုပ်ဆောင်နေကာ တရားရုံးကနေ ဘယ်လိုဘယ်ပုံ ဆုံးဖြတ်ချက်ချမှတ်မည်ကို စောင့်ဆိုင်းနေကြပါတယ်။

Leave a Reply

*