ဇွန်လိုင်လ ၂ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ဗန်းမော်ခရိုင် ဂိုင်ဒေါ့ကျေးရွာရှိ ငါးလောင်းပြိုင်လူသတ်မှု ကျူးလွန်ခဲ့သူ တရားခံ ၃ ဦးကို ဖမ်းဆီးရမိပြီး တရားရုံးတင်စစ်ဆေးစဉ် တရားခံများကိုယ်တိုင် ဝန်ခံထားသောကြောင့် ကြီးလေးသောပစ်ဒဏ်ချမှတ်ခဲ့ကြောင်း သိရှိရပါတယ်။
ဒါအပြင် လွန်ခဲ့သောအချိန်ကလည်း လူလေးဦးကို သူတို့ကိုယ်တိုင် သတ်ဖြတ်မှုပြုလုပ်ခဲ့ကြောင်း ဝန်ခံထားခြင်းကြောင့် သတ်ဖြတ်ခြင်းခံရသူ (၉) ဦးအထိရှိနေပြီး သတ်ဖြတ်ဖို့ အချင်းချင်း ကြိုတင်တိုင်ပင်ဆွေးနွေးမှုတွေရှိပြုလုပ်ခဲ့သလို လက်ရှိတွင်လည်း (၄) ဦးကို သတ်ဖြတ်ဖို့ ကျန်ရှိသေးကြောင်း ဝန်ခံပြောဆိုခဲ့ပါတယ်။
“သူတို့ကိုယ်တိုင် လူ (၉)ဦးကို သတ်ဖြတ်ခဲ့ကြောင်း ဝန်ခံထားတာကြောင့် တရားရုံးရဲ့ ဆုံးဖြတ်ချက်နဲ့ သူတို့ကို အမြင့်ဆုံးပြစ်ဒဏ်စီရင်ချက်ချမှတ်ခဲ့ပါတယ်” လို့ တရားရေးအရာရှိတစ်ဦးကပြောပါတယ်။
လွန်ခဲ့သောအချိန်တွေတုန်းက ဖြစ်ပျက်ခဲ့တဲ့ လယ်ယာမြေကိစ္စကနေအခြေပြုခဲ့တဲ့ ဒီလူသတ်မှုကို စက်တင်ဘာ ၂၈ ရက်နေ့က ဆုံးဖြတ်ချက်ချမှတ်ခဲ့တာဖြစ်ပါတယ်။